နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မျိုးသုဉ်းပျောက်ကွယ်တော့မည့် ကြယ်လိပ်များ နေထိုင်ရာ လောကနန္ဒာဘေးမဲ့တော

ရန်ကုန် ဒီဇင်ဘာ ၇


မြန်မာနိုင်ငံရှိမျိုးသုဉ်းပျောက်ကွယ်လုနီးပါးဖြစ်နိုင်သည့် ကြယ်လိပ် မျိုးစိတ် ၁၀,ဝ၀ဝ ကျော်အတွက် ပုဂံရှိလောက နန္ဒာဘေးမဲ့တောသည် နေထိုင်ရာနေရာ ဖြစ်လာကြောင်း ညောင်ဦးမြို့နယ် ပုဂံရှိသစ်တောဦးစီးဌာနက သိရသည်။


အရွယ်အစားအမျိုးမျိုးရှိ ကြယ်လိပ် စုစုပေါင်း ၁၀,၄၈၄ ကောင်သည် ဘေးမဲ့ တောအတွင်း  ကြီးထွားလာခဲ့ပြီး ၎င်းတို့ထဲမှ ၁၆၅၀ ကောင်ကို တော ထဲသို့ ပြန်လည် ထည့်သွင်းပေးခဲ့ ကာ လွန်ခဲ့သည့်နှစ်များအတွင်း နည်းပညာ ပြောင်းလဲမှုကြောင့် ကြယ်လိပ်အရေ အတွက် တိုးလာခဲ့သည်။


ထို ကြယ်လိပ်များသည် မေမှဩဂုတ် အထိလေးလ မိတ်လိုက်သော ရာသီ ဖြစ်ပြီး စက်တင်ဘာမှ မတ်အထိ သည်ဥ အုသည့် ရာသီဖြစ်ကြောင်း၊ လိပ်မတစ်ကောင်သည် တစ်ရာသီ အတွင်း တစ်ကြိမ်မှ ခြောက် ကြိမ်အထိ အုတတ်ကြောင်း၊ တစ်ခါအုလျှင် တစ်လုံးမှ ၁၆ လုံးအထိ အုတတ် ပြီး ဥများသည် မေ၊ ဇွန်၊ ဇူလိုင်အတွင်း အကောင်ပေါက်ကာ မေတွင် အများဆုံး ပေါက်ပွားသည်။


ဘေးမဲ့တောအုပ်၏ အနီးကပ်ကြီး ကြပ်မှု၊ တိရစ္ဆာန်ဆေးကု ကျွမ်းကျင် ဆရာဝန်များ၏ ဆေးဝါးနှင့် ကုသရေး ကျွမ်းကျင်မှု၊ ဝန်ထမ်းများ၏ စေတနာ ဖြင့် ကြယ်လိပ်များ  အာဟာရ ပြည့်ဝစွာ စားသုံးနိုင်မှုတို့ကြောင့်   ကျန်းမာသန်စွမ်းကာ  ကြီးထွားနှုန်း၊ ပေါက်ပွားနှုန်းမှာ ၆၈ ရာခိုင်နှုန်းရှိသည်။


လိပ်များ သေဆုံးမှုနှုန်းလျှော့ချ ရန် ဂရုတစိုက်ပြုလုပ်ခဲ့ပြီး ဥများ ကို မြေကြီးထဲ တွင် ပြန်လည် မြှုပ်နှံခြင်း၊ ကြယ်လိပ် ငယ်များ အား ဗီတာမင်များ ကြွယ်ဝသော အစာများ ကျွေးခြင်း၊ နေ့စဉ် အစာကျွေးရာ တွင် ကျန်းမာရေး စစ်ဆေးခြင်း၊ ကျန်းမာရေးနှင့် မညီညွတ်သော ကြယ် လိပ်များကိုသီးသန့် ခွဲထား ပြီး ကုသခြင်း၊ သဘာဝအစာများ၊ ရေနှင့် အရည်များ ကိုနေ့စဉ်ကျွေးခြင်း၊ ရေကန်များတွင် ထည့်ခြင်း၊ ဗီရိုကန်များနှင့် သောက်ရေခွက်များအပူချိန်မြင့်မားနေစေကာရေသန့်သန့်ရရှိစေရန်ဆောင်ရွက်ခြင်းဖြင့် စောင့်ရှောက်လျက်ရှိသည်။


ကြယ်လိပ်ငယ်များသည် ၂၀ ရာခိုင် နှုန်းမှ ၃၀ ရာခိုင်နှုန်းကြားသာရှင် သန်နိုင်ပြီးသဘာဝအရ မြေတွင်းမှ မြေပေါ်သို့ ရောက်ရှိချိန်တွင်  ဥများကိုတောရိုင်းတိရစ္ဆာန်များကစားသုံး နိုင်ခြင်း  (သို့) သဘာဝဘေး အန္တရာယ် ကြောင့် မြေပြိုခြင်းကို စသည့် အခြေ အနေများ ကျော်ဖြတ်နိုင်သော်လည်း  ဂေဟစနစ်များနှင့် သစ်တော များရှိလူနှင့် တောရိုင်းတိရစ္ဆာန်များ ဖျက်ဆီးခြင်းကြောင့်  မျိုးသုဉ်းရန် အန္တရာယ် မြင့်မားနေကြောင်း သိရ သည်။


လောကနန္ဒာ ဘေးမဲ့တောသည် ကမ္ဘာပေါ်တွင် အကြီးဆုံးလိပ်မွေးမြူရေးခြံများထဲမှ တစ်ခုဖြစ်ပြီး နှစ်စဉ် လိပ်အကောင်ရေ ၁၀ဝ၀ ကျော် မွေးမြူထားကာ Star Tortoise Factory ဟုလည်းခေါ်ဝေါ်ကြသည့် လိပ်ကောင်ရေ ၁၀ဝ၀ ကျော်ရှိကြောင်း ညောင်ဦးမြို့နယ် ပုဂံရှိသစ်တော ဦးစီးဌာနတွင်  ကြယ်လိပ် အထီး ၄၂ ကောင်၊ အမ ၄၀ ဖြင့် ဖမ်းဆီး မွေးမြူ ခြင်းအစီအစဉ်ကို ၂၀ဝ၁ ခုနှစ်မှစတင်၍ အကောင်ရေ တိုးလာစေရန် ကြိုးပမ်း ဆောင်ရွက်လျက် ရှိပြီးအမျိုး အနွယ် များ အနီးကပ်ကို ၎င်းတို့၏ ဇာတိ နေရာများသို့လည်းကောင်း၊ အများ ပြည်သူနှင့် သုတေသီများလေ့လာ ကြည့်ရှုနိုင်စေရန်လည်းကောင်း ထိန်း သိမ်းစောင့်ရှောက်ထားသည်။


လောကနန္ဒာ ဘေးမဲ့တောတွင် ကြယ်လိပ် ၁၀,ဝ၀ဝ ကျော် မွေးမြူခြင်းအောင်မြင်ခြင်းအထိမ်းအမှတ် အခမ်းအနားကျင်းပရန် စီစဉ်ထားသော် လည်းအကြောင်းအမျိုးမျိုးကြောင့် အကောင်အထည် ဖော်နိုင်ခြင်းမရှိသေး ကြောင်း သိရသည်။


ကြယ်လိပ်များသည် လှပသည့် အတွက် နိုင်ငံတကာတွင် အိမ်မွေး တိရစ္ဆာန်အဖြစ် မွေးကြပြီး အချို့ နိုင်ငံများ၌ ကြယ်လိပ်များကို အိမ်၌ မွေးထားလျှင် လာဘ်ကောင်းသည်ဟု အယူအဆများရှိ၍ ကြယ်လိပ်၏ တန်ဖိုးမှာ တရားမဝင် ဈေးကွက်များ တွင်  များစွာမြင့်တက်နေတတ်ပြီး  လောကနန္ဒာ ကြယ်လိပ် ခြံအတွင်း ၌လည်း ကြယ်လိပ်အကောင် ရေများ ပြားလာသည်နှင့်အမျှ မသမာသူများ ၏ ခိုးယူမှုမှကာကွယ်နိုင်ရန် စောင့် ရှောက်နေရသဖြင့်  များစွာအခက်အခဲ ရှိသည်။


လောကနန္ဒာ ဘေးမဲ့တောဥယျာဉ် အတွင်းအသက် နှစ် ၂၀ ခန့်ရှိသော ကမ္ဘာ့အကြီးဆုံး ကြယ်လိပ်ကြီးကို လည်းထိန်းသိမ်းစောင့် ရှောက်ထား ပြီး မြန်မာနိုင်ငံ၏ အပူပိုင်းခြောက် သွေ့တောများ၏ ဂေဟစနစ်ကို လေ့ လာနိုင်ရန် ရည်ရွယ်၍ ၁၉၉၅ ခုနှစ် တွင် တည်ထောင်ခြင်းဖြစ်သည်။ ပုဂံနှင့် ဧရာဝတီမြစ်အကြား ဝ ဒသမ ၄၇  စတုရန်း ကီလိုမီတာ (ဧကအားဖြင့် ၁၀၈ ဧက) ကိုထိန်းသိမ်းရေး နယ်မြေအဖြစ် နိုင်ငံတော်က သတ်မှတ်ထားသည်။ 


အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ