နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချူပ်ကုသရေး ပစ္စည်းများ ပြည်ပမှ အဆင်ပြေချောမွေ့စွာ တင်သွင်းဆောင်ရွက်

ရန်ကုန် ဒီဇင်ဘာ ၇


စီးပွားရေးကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချူ ပ်ရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း ရေကြောင်း နှင့်နယ်စပ်ကုန်သွယ်ရေးစခန်းများ မနှောင့်နေးကြန့်ကြာမှုမရှိတင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ဒီဇင်ဘာ ၆ ရက်တွင် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း ကျိူင်းတုံပို့ကုန်သွင်း ကုန်ရုံနှင့်မြဝတီ ကုန်သွယ် ရေးစခန်းတို့မှကုမ္ပဏီခြောက်ခုယာဉ်စီးရေ ၁၆ စီး ဖြင့်အောက်စီဂျင်အရည်(Bowser)ယာဉ် တစ်စီးဖြင့်၁၉ တန်နှင့်နှာခါင်းစည်း (Mask) ၉၃တန်တင်သွင်းခဲ့သည်။ အောက်စီဂျင်(အရည်)Bowser ယာဉ် တစ်စီးမှာ မြဝတီကုန်သွယ် ရေးစခန်းမှ ရန်ကုန်မြိုသို့ဖြစ်သည်။


ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချူပ်ကုသရေးဆိုင်ရာ ပစ္စည်း များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း ထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်း ခွင့်ပြုပေးလျက် ရှိကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ် ပစ္စည်းများတင်သွင်းခြင်းနှင့် ဆက်စပ် သည့်  အသိပေးကြေငြာချက်များ ကိုလည်းအများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် com-merce.gov.mm တွင်  ဝင်ရောက် ကြည့်ရှုနိုင်ရေး စီစဉ်ထားကြောင်း သိရသည်။

ခရီးသွားလုလင်






အခြားဆက်စပ်သတင်းများ