နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရားမဝင်ရွှေစျေးကွက်လျော့ကျရန်ကောက်ခွန် နှုန်းထား လျှော့ချသင့်ကြောင်း ရွှေလုပ်ငန်းရှင်များပြော

ရန်ကုန် ဒီဇင်ဘာ ၇


ပြည်ပပို့ ရွှေစျေးကွက်တွင် တရားမဝင် တင်ပို့မှုများလျော့ကျရန် သွင်းကုန် နှုန်းထားကို လျှော့ချပေးသင့်ကြောင်း ရွှေလုပ်ငန်းရှင်များက ပြောသည်။ 


ပြည်တွင်း၌ အခေါက်ရွှေတစ်ကျပ်သားလျှင် ပြီးခဲ့သည့် စက်တင်ဘာက ငွေကျပ် ၂၂ သိန်းအထိ ရက်အနည်းငယ်ကြာ ရန်ကုန်ရွှေစျေးကွက်တွင် စံချိန် တင်မြင့်တက်ခဲ့ပြီးနောက် တစ်ဖြည်းဖြည်းချင်း ဆက်တိုက်ကျဆင်းလာရာ လက်ရှိ အချိန်တွင် စျေးတည်ငြိမ်လျက်ရှိကြောင်း ရွှေလုပ်ငန်းရှင်များထံက သိရသည်။ 


မြန်မာနိုင်ငံအတွင်း ရွှေစျေးနှုန်းမြင့်တက်ချိန်တွင် အိမ်နီးချင်းနိုင်ငံများမှ ရွှေများ တင်သွင်းလာကြပြီး အခေါက်ရွှေဈေးသည် စံချိန်တင်မြင့်တက်နေရာမှ တစ်ဖြေးဖြေး ကျဆင်းလာချိန်တွင်မူ ပြည်ပသို့ စျေးကွက် စီးဆင်းစေခြင်းကိုသာ လုပ်ဆောင်လျက်ရှိသည်။


လက်ရှိ ဒီဇင်ဘာ ၆ ရက် ညနေပိုင်းအထိ အပိတ်စျေးသည် အခေါက်ရွှေ တစ်ကျပ်သားလျှင် ငွေကျပ်တစ်ဆယ့်ခုနှစ်သိန်းခြောက် သောင်းရှစ်ထောင့်ငါးရာ သာရှိတော့ကြောင်း သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ အလားတူကာလတွင် ရွှေအပိတ်စျေးမှာရွှေ ၁ ကျပ်သားလျှင် ၁၇၇၈၅၀၀ ရှိခဲ့ပြီး အပိတ်စျေးမှာ ၁၈ သိန်းအောက်ထိ လျော့ကျလာကာ အရောင်းအဝယ်အေးခဲ့ကြောင်း ရန်ကုန်မြို့ရှိ ရွှေအရောင်းဆိုင်များက ပြောသည်။


၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၅ ရက်  ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် ကန်ဒေါ်လာ ၁၇၈၁ ရှိပြီး ပြည်တွင်းငွေလဲကောင်တာစျေးမှာ ကန်ဒေါ်လာ ၁၇၈၈ ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက ဖော်ပြထားသည်။

မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ