နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Nissan ကုမ္ပဏီက လျှပ်စစ်ကားစျေးကွက်တွင် ကန်ဒေါ်လာ ၁၇ ဒသမ ၆ ဘီလီယံရင်းနှီးမြှုပ်နှံမည်

တိုကျို၊  ဒီဇင်ဘာ ၂


ဂျပန်နိုင်ငံ၏ မော်တော်ကားထုတ် လုပ်သည့်        ကုမ္ပဏီကြီးတစ်ခုဖြစ်သော Nissan က လာမည့် ငါးနှစ်အတွင်း ကန်ဒေါ်လာ ၁၇ ဒသမ ၆ ဘီလီယံ ကျော် ရင်းနှီးမြှုပ်နှံကာ လျှပ်စစ်ကား ထုတ်လုပ်မှုကို   ကူးပြောင်းမည်ဟု ဒီဇင်ဘာ ၁ ရက်က ထုတ်ပြန်လိုက်သည်။ 


Nissan ကားကုမ္ပဏီအနေဖြင့် လာမည့် ၂၀၃၀ ပြည့်နှစ်တွင် မော်တော် ကားရောင်းအားပမာဏထက်ဝက်ခန့်ကို လျှပ်စစ်ကား သို့မဟုတ် နှစ်မျိုးစပ်ထုတ် လုပ်ထားသော ကားများဖြင့် အစားထိုး နိုင်ရန်မျှော်လင့်ထားကြောင်း သိရသည်။ 


ကမ္ဘာပေါ်တွင် ဖြစ်ပေါ်နေသော ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဖိအားများ ကြောင့် စက်သုံးဆီ အသုံးပြုသောကား များ  ဆက်လက်ထုတ်လုပ်မှုကို ရပ် တန့်ရန် လိုအပ်လာခြင်းကြောင့် ယခု ကဲ့သို့ လျှပ်စစ်ကားပြောင်းလဲထုတ်ရန် ခြေလှမ်းပြင်ဆင်လာခြင်း ဖြစ်ကြောင်း Nissan မှ တာဝန်ရှိသူကပြောသည်။ 


Nissan ၏ ပြောကြားချက်အရ ၂၀၃၀ တွင် လျှပ်စစ်အသုံးပြုကားပေါင်း ၂၃ မျိုး မိတ်ဆက်ပေးမည်ဖြစ်ကြောင်း၊ ထိုထဲတွင် လျှပ်စစ်ကား ၁၅ ခု ပါဝင်မည် ဖြစ်ပြီး ကုမ္ပဏီအနေဖြင့် ဓာတ်ဆီ၊ ဒီဇယ် သုံးကားများ ထုတ်လုပ်မှုကိုလည်း ရပ်နား မည် မဟုတ်ကြောင်း သိရသည်။

ရဲခေါင် (Ref:Reuters)






အခြားဆက်စပ်သတင်းများ