နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်နိုင်ငံသို့ Silage Corn တင်ပို့သူလုပ်ငန်းရှင်များ မှတ်ပုံတင်ပြီး

ရန်ကုန်၊  ဒီဇင်ဘာ ၂

 

တရုတ်နိုင်ငံသို့ silage corn တင်ပို့မည့် မြန်မာလုပ်ငန်းရှင်         ခြောက်ဦးသည် တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) တွင် မှတ်ပုံတင်မှုပြီးစီးခဲ့ရာ မြန်မာ့ silage corn များ တရုတ်နိုင်ငံသို့ တင်ပို့ရန် နောက်ဆုံးပြင်ဆင်မှုများ ပြီးစီးပြီဖြစ်၍ တရုတ်နိုင်ငံသို့ အဆင်ပြေချောမွေ့စွာ တင်ပို့နိုင် တော့မည်ဖြစ်သည်။ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးသည် ယင်းနှင့် စပ်လျဉ်း၍ တရုတ်-မြန်မာနှစ်နိုင်ငံ ဗဟိုနှင့် ဒေသဆိုင်ရာအစိုးရ ဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး လုပ်ငန်းများစွာ လုပ်ဆောင် ခဲ့သည်။


silage corn ဆိုသည်မှာ ပြောင်းဖူးများကို နုပ်နုပ်လှီးဖြတ် ခြင်း၊ ပြုပြင်ခြင်း၊ အချဉ်ဖောက်ခြင်းဖြင့် တိရစ္ဆာန်အစာအဖြစ် ပြုလုပ်ထားပြီး တိရစ္ဆာန်အစာကျွေးရာတွင် အသုံးပြုသည်။ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ silage corn တင်ပို့ခြင်းဖြင့် မြန်မာ့လယ်ယာထွက်ကုန်များ တရုတ်နိုင်ငံသို့ တင်ပို့မှုတိုးမြင့် လာရုံသာမက မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေရရှိမှု တိုးပွားလာကာ မြန်မာ့တောင်သူလယ်သမားများအတွက် အလုပ်အကိုင် အများအပြား ဖန်တီးပေးပြီး တောင်သူလယ်သမားများ ဝင်ငွေတိုးလာ၍ မြန်မာနိုင်ငံ ကျေးလက်ဒေသများ ဆင်းရဲနွမ်းပါးမှု ပပျောက်စေရေးအတွက် အထောက်အကူဖြစ်စေမည်ဟု သိရသည်။

မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ