နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သက်သတ်လွတ်အာဟာရဒါန ထိုက်သူပန်မှ နေ့စဉ်လှူဒါန်း

ရန်ကုန်၊  ဒီဇင်ဘာ ၂


နေပြည်တော်ရှိ "ထိုက်သူပန်" အာဟာရ ဒါနမှ နေ့စဉ် သက်သတ်လွတ်ထမင်းဟင်း အခမဲ့လှူဒါန်းလျက်ရှိရာ လူမျိုးဘာသာမရွေး သုံးဆောင်နိုင်ပြီဖြစ်သည်။ "ထိုက်သူပန်" အာဟာရဒါနကို အမှတ် ၅၄၁၃-C ၊ မန္တလေး လမ်းနှင့် သော်က ၁၇ လမ်းထောင့်၊ ချင်းရွာ အနီး၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်တွင် လှူဒါန်းလျက်ရှိသည်။ 


"ထိုက်သူပန်" ညနေခင်း အာဟာရဒါန အဖြစ် နေ့စဉ် လူ ၂၅၀ နှင့် ၃၀၀ ကြားကို ထမင်း ကျွေးမွေးလှူဒါန်းရာ ရက်ပေါင်း ၅၀၀ နီးပါး ရှိပြီဖြစ်သည့်အပြင် နံနက်စာ အဆာပြေ ကျွေးခြင်းကို ထပ်မံတိုးချဲ့ လှူဒါန်းလျက်ရှိရာ နံနက် ၇ နာရီမှ ၈ နာရီ အထိ၊ ညနေခင်း ထမင်းအလှူကို ညနေ ၅ နာရီမှ ၆ နာရီအထိ သက်သတ်လွတ်ထမင်း လှူဒါန်းလျက်ရှိသည်။

(WP)






အခြားဆက်စပ်သတင်းများ