နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်ဝင်ခွင့် ကန့်သတ်ချက်များ ဒီဇင်ဘာလကုန်ထိ တိုးမြှင့်

ရန်ကုန်၊  ဒီဇင်ဘာ ၂


ပြည်ပနိုင်ငံများမှ လာရောက်မည့် ခရီးသွားများ ပြည်ဝင်ခွင့်ဆိုင်ရာကန့်သတ် ချက်များကို ဒီဇင်ဘာလကုန်အထိ  ထပ်မံ တိုးမြှင့်လိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ထုတ်ပြန်သည်။ 


ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေး အတွက် မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ပြည်ပခရီးသွားများ  ပြည်ဝင်ခွင့်ယာယီ ကန့်သတ်မှုများကို ယခုလကုန်ထိ တိုးမြှင့် ထားရာ အရေးပေါ်အစိုးရတာဝန်ဖြင့်ဖြစ်စေ၊ မဖြစ်မနေ   ကိစ္စရပ်များကြောင့်ဖြစ်စေ၊ ပြည်ပနိုင်ငံသားများ သံတမန်များနှင့် ကုလ သမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ ဝန်ထမ်းများအနေဖြင့်  မြန်မာနိုင်ငံသို့ ပျံသန်းပြေးဆွဲပေးမည့်  ကယ်ဆယ်ရေး လေယာဉ်ဖြင့်ရောက်ရှိပါက  ပြည်ဝင်ခွင့် ဗီဇာဆိုင်ရာ ကင်းလွတ်ခွင့်ရရှိရန် ပြည်ပ နိုင်ငံများရှိ မြန်မာသံရုံးတွင် တောင်းခံလာရ မည်ဖြစ်သည်။


မြန်မာနိုင်ငံသို့   ရောက်ရှိလာမည့် ပြည်ပ ခရီးသွားများအနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနက ချမှတ်ထားသည့် ကိုဗစ်- ၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်များကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ် ကြောင်း   ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။

မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ