နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့နယ်မြစိမ်းရောင် ကျေးလက်စီမံကိန်းလုပ်ငန်း ဆောင်ရွက်မှုများ

ပြည်    ဒီဇင်ဘာ     ၁


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လဘတ် ဂျက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ခွင့်ပြုရန်ပုံ ငွေဖြင့်   ပိုရွာကျေးရွာ  ကွန်ကရစ် လမ်းခင်းခြင်းနှင့် ကပေါင်းကံကျေး ရွာ မြေနီကျောက်စရစ်လမ်းခင်းခြင်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရေး ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။


ပိုရွာကျေးရွာ ကွန်ကရစ်လမ်းခင်း ခြင်းနှင့် ကပေါင်းကံကျေးရွာ မြေနီ ကျောက်စရစ်လမ်းခင်းခြင်း လုပ်ငန်း များကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက် လဘတ်ဂျက် ကျေးရွာဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းစီမံကိန်း (VDP) ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၁၀၀ ဖြင့် အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အဆိုပါကျေးရွာ များတွင် လမ်းဖောက်ခြင်းလုပ်ငန်း များ ဆောင်ရွက်ပြီးစီးပါက ကျေးရွာ များ၏ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှု အတွက် အကျိုးပြုမည်ဖြစ်ကြောင်း        ပြည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ခင်မြဝင်းက ပြောသည်။

စိုးမိုးကျော်






အခြားဆက်စပ်သတင်းများ