နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်တွင်းထုတ် သကြားများ ဗီယက်နမ်သို့ စတင် တင်ပို့

ရန်ကုန်  ဒီဇင်ဘာ  ၁


ပြည်တွင်း သကြားကို ဗီယက်နမ်နိုင်ငံသို့ ယခုနှစ်မှစ၍ တင်ပို့လျက်ရှိကြောင်း သိရ သည်။ လက်ရှိတွင် ပြည်တွင်း သကြားကို တရုတ်နိုင်ငံသို့ သကြားအရည်အဖြစ် တင်ပို့နေ ပြီး ဗီယက်နမ်သို့ ယခုနှစ်မှ စတင်ပြီး ပင်လယ်ရေကြောင်း ဖြင့် တင်ပို့နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံ ထွက်ပစ္စည်း လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။


ပို့ကုန်များ ရှိနေသဖြင့် ပြည်တွင်း၌ သကြားနည်းနေပြီး ဈေးကောင်းလျက် ရှိသည်။ ပြည်တွင်း၌ နှစ်စဉ် သကြား တန်ချိန် ငါးသိန်းဝန်းကျင် ထွက်ရှိနေပြီး ပြီးခဲ့သည့်နှစ်က သကြားဈေး မကောင်းသဖြင့် လျှော့ချစိုက်ပျိုးခဲ့သောကြောင့် ယခုနှစ်တွင် သကြားအထွက် နည်းမည်ဟု ခန့်မှန်းထားသည်။


ယခု ဒီဇင်ဘာလလယ်သည် သကြားစက် လည်ပတ်သည့် ရာသီဖြစ်၍ မကြာမီ သကြား အသစ်များ ထွက်ရှိလာမည် ဖြစ်သည်။         မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ