နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အခြေစိုက်စခန်းများကို အားဖြည့်ရန် ပင်တဂွန်စီစဉ်

ဝါရှင်တန်၊  ဒီဇင်ဘာ ၁


အီရန်နှင့် ဂျီဟတ်ဝါဒီအုပ်စုများကို ဟန့်တားရန်အတွက် အရှေ့အလယ် ပိုင်းတွင် လုံလောက်သော တပ်ဖွဲ့ဝင်များ ကို အမေရိကန်က ထားရှိနေစဉ် တရုတ် နှင့် ရုရှားနိုင်ငံသို့ ဦးတည် တပ်စွဲထား သော     အခြေစိုက်စခန်းများကို အမေရိကန်စစ်တပ်က အားဖြည့်သွား မည်ဟု ပင်တဂွန်စစ်ဌာနချုပ်ကပြော ကြားလိုက်သည်။  


အမေရိကန် ကာကွယ်ရေးဌာနသည် ဂူအမ်နှင့် ဩစတြေးလျရှိ စစ်ဘက်ဆိုင် ရာ အဆောက်အအုံများ အဆင့်မြှင့်တင် ခြင်းနှင့် တိုးချဲ့ခြင်းဖြင့် အမေရိကန် ၏   ထိပ်တန်းစစ်ရေးပြိုင်ဘက်ဖြစ် သည့် တရုတ်နိုင်ငံအပေါ် ယင်း၏ အာရုံစိုက်မှုကို အလေးထားကြောင်း တာဝန်ရှိသူများက ပြောကြားသည်။  

 

ပင်တဂွန်ထိပ်တန်း မူဝါဒအရာရှိ မစ္စမာရာကာလင်၏ သုံးသပ်ချက်တွင် အမေရိကန်စစ်တပ်အတွက် ဦးစား ပေးဒေသသည် အင်ဒို-ပစိဖိတ်ဒေသ ဖြစ်ကြောင်း အတည်ပြုထားပြီး ယခု ကဲ့သို့ စီစဉ်ခြင်းသည် ဥရောပရှိ ရုရှား တို့၏ ရန်လိုမှုကို တိုက်ဖျက်ရာတွင် ယုံကြည်ရသော အဟန့်အတားကို အားကောင်းစေပြီး နေတိုး တပ်ဖွဲ့များကို ပိုမိုထိရောက်စွာ လည်ပတ်နိုင်စေနိုင် ကြောင်း ဖြည့်စွက်ပြောကြားထားသည်။


အလားတူ အီရတ်နှင့် အာဖဂန် နစ္စတန်၏ ရှည်လျားသောစစ်ပွဲများ အပြီးတွင်လည်း အရှေ့အလယ်ပိုင်း ဒေသသည် ပင်တဂွန်အတွက်ရှုပ်ထွေး သောနယ်မြေတစ်ခုအဖြစ် ကျန်ရှိနေ ဆဲဖြစ်ကြောင်း၊ သို့သော်  တရုတ်နိုင်ငံ ၏ ခြိမ်းခြောက်မှုမှန်သမျှကို ကာကွယ် ရန်  ဂူအမ်နှင့် သြစတြေးလျတွင်  ပိုမို လုပ်ဆောင်ရန် ၎င်းတို့ အစီအစဉ်များ ကို  ယခင်ကတည်းက  အတည်ပြု ကြေညာထားသည်။  


လက်ရှိတွင်  ဂူအမ်၊ မြောက်မာရီ ယာနာကျွန်းစုနှင့် သြစတြေးလျတို့တွင် လေဆိပ်များနှင့်   လောင်စာဆီနှင့် ခဲယမ်းများ သိုလှောင်ရေး အဆောက် အအုံများကို  အဆင့်မြှင့်တင်မှုများပြု လုပ်သွားရန် စီစဉ်မည်ဖြစ်ကြောင်း သိရသည်။

(Ref:Reuters)






အခြားဆက်စပ်သတင်းများ