နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စပိန်တွင် အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ခံထားရသူ ပထမဆုံးတွေ့ရှိ

မက်ဒရစ်၊  ဒီဇင်ဘာ ၁ 


စပိန်နိုင်ငံတွင် တောင်အာဖရိကမှ ရောက်ရှိလာသည့် အသက် ၅၁ နှစ် အရွယ် အမျိုးသားတစ်ဦးတွင် အိုမီခရွန် ဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ခံထားရသည်ကို ပထမဆုံးတွေ့ရှိခဲ့ပြီး     နိုင်ငံတစ်ဝန်း ကိုဗစ်ကူးစက်မှုများလည်း မြင့်တက်နေ ကြောင်း  မြို့တော်မက်ဒရစ်၏ ဒေသ ဆိုင်ရာ ကျန်းမာရေးအာဏာပိုင်များက ဒီဇင်ဘာ ၁ ရက်တွင် ထုတ်ပြန်ပြောကြား သည်။ 


အိုမီခရွန်  မျိုးကွဲအသစ်ကို စိစစ် အတည်ပြုခဲ့သော Madrid's Gregorio Maranon ဆေးရုံရှိ အဏုဇီဝဗေဒဌာန၏ ပြောကြားချက်အရ ရောဂါပိုးတွေ့ရှိသူ တွင် အားပျော့သည့် ရောဂါလက္ခဏာ များသာရှိသော်လည်း ကပ်ရောဂါ၏ နောက်ဆုံးမျိုးကွဲကြောင့် မထိန်းချုပ်နိုင် သော ကူးစက်ရောဂါများ ပြန်ဖြစ်လာ မည်ကို     စိုးရိမ်မှုများမြင့်တက်နေ ကြောင်းသိရသည်။ 


ထို့ကြောင့်  နယ်နိမိတ်ကန့်သတ် ချက်များနှင့် လေယာဉ်ပျံသန်းမှုရပ်ဆိုင်း မှုများကို ကမ္ဘာတစ်ဝန်းလုပ်ဆောင်လာ ကြသည့်အပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း  အကြိမ်များစွာပြောင်း လဲထားသော    အိုမီခရွန်မျိုးကွဲမှာ နိုင်ငံတကာသို့  ပျံ့နှံ့နိုင်ဖွယ်ရှိနေပြီး အချို့နေရာများတွင်   ပြင်းထန်သော အကျိုးဆက်များရှိလာနိုင်သည့် ကူး စက်ပျံ့နှံ့မှုအန္တရာယ် အလွန်မြင့်မားနေ ကြောင်း နိုဝင်ဘာ ၃၀ ရက်က သတိပေး ပြောကြားထားသည်။ 


ကပ်ရောဂါစတင်ကတည်းက စပိန် တွင် ကိုဗစ်-၁၉ ကူးစက်မှုနှုန်းသည် လူ ၁၀၀,၀၀၀ လျှင် ၁၇၂ ဦးရှိရာမှ ၁၉၉ ဦးနှုန်းသို့ တိုးလာခဲ့ကြောင်းသိရသည်။

(Ref:BBC)






အခြားဆက်စပ်သတင်းများ