နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်အာဖရိက ကြံ့ဖြူများကို ရဝမ်ဒါသို့ ပို့ဆောင်

ကိပ်တောင်း၊  ဒီဇင်ဘာ ၁


တောင်အာဖရိကနိုင်ငံ Phinda Private Game Reserve မှ ကီလိုမီတာ ၃,၄၀၀ အကွာ ရဝမ်ဒါအရှေ့ပိုင်းရှိ Akagera အမျိုးသားဥယျာဉ်သို့ ကြံ့ဖြူ ၃၀ ပို့ဆောင်ပေးခဲ့သည်။ 


ထိုခရီးစဉ်အတွက် လပေါင်းများစွာ ပြင်ဆင်ပြီးနောက် နာရီ ၄၀ ကြာ ခရီးကို စတင်ခဲ့ကြသည်ဟု ပရဟိတ အာဖရိက ပန်းခြံများ၊ စစ်ဆင်ရေးတွင်ပါဝင်ခဲ့သူ များက ပြောသည်။ ယခု ရွှေ့ပြောင်းပို့ ဆောင်မှုအစီအစဉ်မှာ ၁၉၇၀ ပြည့် နှစ်များ ကတည်းက မှောင်ခို ခိုးယူသတ်ဖြတ်မှု ဖြင့် ပြုန်းတီးခဲ့သော ကြံ့ဖြူကောင်ရေ ကို ပြန်လည်ဖြည့်တင်းရန် ကုစားသည့် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ် ကြောင်းသိရသည်။  


၁၉၈၀ နှင့် ၉၀ ပြည့်နှစ်များအတွင်း တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်း ကြောင့် ထိုဒေသတွင် မျိုးသုဉ်းသွားခဲ့ သော မျိုးစိတ်များဖြစ်သည့် ခြင်္သေ့နှင့် ကြံ့နက်များကိုပါ Akagera National Park ထဲ  ပြန်လည်ထည့်သွင်းသည့် အစီအစဉ်လည်းဖြစ်သည်။  အဆိုပါ ဥယျာဉ်တွင် အာဖရိကဆင်များ၊ အာဖရိ ကကျွဲများ၊ မာဆိုင်း သစ်ကုလားအုတ် များနှင့် ငှက်မျိုးစိတ်ပေါင်း ၄၉၀ ကျော် ကိုလည်း လက်ခံကျက်စားခွင့်ပြုထား ခြင်းဖြစ်သည်။                     

(Ref:BBC)






အခြားဆက်စပ်သတင်းများ