နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်မျိုးကွဲသစ် အိုမီခရွန် အနောက်ဥရောပတွင် စတင်ဖြစ်ပေါ်ခဲ့ကြောင်း သတင်းများထွက်ပေါ်

အင်စတာဒမ်၊  ဒီဇင်ဘာ ၁


ကိုဗစ်မျိုးကွဲသစ်   အိုမီခရွန်ကို တောင်အာဖရိကတွင် တွေ့ရှိကြောင်း တရား၀င် အတည်မပြုမီကတည်းက အနောက်ဥရောပတွင် ရောက်ရှိပျံ့နှံ့နေ ပြီဖြစ်ကြောင်း သတင်းများထွက်ပေါ် လာသည်။

 

နယ်သာလန်နိုင်ငံသို့   တောင် အာဖရိက လေကြောင်းက ရောက်လာ သည့် ခရီးသည်များတွင် ရောဂါပိုးသစ် ကူးစက်မှု ပထမဆုံး အတည်ပြုခဲ့ပြီး ပြီးခဲ့သည့် နို၀င်ဘာ ၁၉ ရက်ကတည်း က ရောဂါပိုးသစ်ကို ဓာတ်ခွဲနမူနာများ တွင် တွေ့ရှိထားကြောင်း ဒီဇင်ဘာ ၁ ရက်တွင် တာ၀န်ရှိသူများက ပြောကြား လိုက်သည်။ 


ဗြိတိန်၊ ကနေဒါ၊ စကော့တလန်၊ သြစတြေးလျ၊ သြစတြီးယား၊ စပိန်၊ ဆွီဒင် နိုင်ငံများတွင်လည်း ရောဂါပိုးသစ်တွေ့ ရှိမှု အတည်ပြုထားပြီး ပြင်သစ်နှင့်ဂျပန် နိုင်ငံတို့ကလည်း ပထမဆုံးကူးစက်မှု များကို နိုဝင်ဘာ ၃၀ ရက် က အတည်ပြု လိုက်ခြင်းကြောင့် ယခုလက်ရှိတွင် အိုမီ ခရွန်ပိုးသစ် ကူးစက်သည့် နိုင်ငံပေါင်း ၂၀ ခန့် ရှိနေပြီ ဖြစ်သည်။ 


ရောဂါပိုးသစ်ကူးစက်မှုများ ပျံ့နှံ့ လာချိန်တွင် လက်ရှိ ကိုဗစ်ကာကွယ် ဆေးများသည် ထိရောက်မှု နည်းနိုင် ကြောင်း   ကာကွယ် ဆေး ထုတ်လုပ်သည့် Moderna ဆေးကုမ္ပဏီ၏ အကြီးအကဲ Stephane Bancel က ပြောသည်။ AstraZeneca ကာကွယ်ဆေး ပူးတွဲ ထုတ်လုပ်သည့် ဗြိတိန် အောက်စ်ဖို့ဒ် တက္ကသိုလ်ရှိ သိပ္ပံပညာရှင်များကမူ လက်ရှိကာကွယ်ဆေးများသည် ကိုဗစ် ရောဂါပိုးများကို ထိထိရောက်ရောက် ကာကွယ်နိုင်ပြီး အိုမီခရွန်ပိုးသစ်ကို အကာအကွယ်မပေးနိုင်သည့် အထောက် အထားမျိုး မတွေ့ရသေးကြောင်းပြော ကြားထားသည်။                    (Ref:BBC)






အခြားဆက်စပ်သတင်းများ