နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်နိုင်ငံ ပထမဆုံး ပုဂ္ဂလိကပိုင် အမြန်ရထားလမ်း စတင်စမ်းသပ်

ပေကျင်း၊  ဒီဇင်ဘာ ၁


တရုတ်နိုင်ငံ၏  ပထမဆုံး  ပုဂ္ဂလိက ပိုင် အမြန်ရထားလမ်းဖြစ်သော ဟန်ဇူး -  တိုင်ဇူးအမြန်ရထားလမ်းကို ပြီးခဲ့သည့် ရက်ပိုင်းက ရထားစတင် စမ်းသပ်ပြေး ဆွဲခဲ့ပြီး  ဖွင့်ပွဲကို  ဒီဇင်ဘာလ အစော ပိုင်းတွင် ကျင်းပမည်ဖြစ်ကြောင်းသိရ သည်။ 


အဆိုပါရထားလမ်းကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဆောက်လုပ်ခဲ့ပြီး ယခုနှစ်တွင် စတင်စမ်းသပ်ပြေးဆွဲ နိုင်ရန် မျှော်မှန်းထားခဲ့ရာ တစ်နာရီလျှင် ကီလိုမီတာ ၃၅၀  မောင်းနှင်နိုင်ရန် ဆောက်လုပ်ထားကြောင်း၊   ရထား လမ်း၏ အရှည်မှာ ကီလိုမီတာပေါင်း ၂၆၆ ဒသမ ၉ ရှိကာ ထိုထဲတွင် ၂၂၆ ဒသမ ၃ ကီလိုမီတာမှာ အသစ်ဆောက် လုပ်ထားသော ရထားလမ်းဖြစ်ကြောင်း သိရသည်။ 


ရထားသည် တရုတ်နိုင်ငံ၏အမျိုးသား တိုးတက်ရေးတွင် အလွန်အရေးပါသော အခန်းကဏ္ဍက ပါဝင်သောကြောင့် အစိုးရ၏  စီမံမှုအောက်တွင် အမြဲရှိခဲ့ သော်လည်း ယခု စတင်စမ်းသပ်နေပြီ ဖြစ်သော ဟန်ဇူး - တိုင်ဇူး ရထားလမ်း မှာမူ တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ ဇီဂျန်း ပြည်နယ်တွင်တည်ရှိပြီး တရုတ် အမြန် ရထားစီမံကိန်းပေါင်း ရှစ်ခုထဲတွင် ပထမ ဆုံး ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသော အမြန် ရထားလမ်းဖြစ်ကြောင်း သိရသည်။ 


အဆိုပါ ရထားလမ်းကို တရုတ်ရထား လမ်းကော်ပိုရေးရှင်းနှင့် ယင်းတို့၏ လက်အောက်ခံကုမ္ပဏီများ စီမံခန့်ခွဲမှု အောက်တွင်  အသုံးပြုမည်ဖြစ်ပြီး ရရှိ လာမည့်ဝင်ငွေများကို ကောက်ခံမည် ဖြစ်ကာ အဓိကဝင်ငွေဖြစ်သည့် ရထား လမ်း အသုံးပြုခကိုလည်း ကောက်ခံ ကာ ရင်းနှီးမြှုပ်နှံသူများကို ပြန်လည်ငွေ ပေးချေမည်ဖြစ်ကြောင်းသိရသည်။ 

 (Ref:Reuters)






အခြားဆက်စပ်သတင်းများ