နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်ရေးအလှူငွေများ လှူဒါန်း

ရန်ကုန်၊  ဒီဇင်ဘာ ၁


ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင် မြို့နယ်လုံးဆိုင်ရာ  သာသနာ့ဗိမာန်တော် ကြီးကို အမှတ် ၁ ရပ်ကွက်၊ မြို့ကျက်သရေ ဆောင် တ၀ရွှေဂူကြီး ဘုရားအာရုံခံ တန်ဆောင်းရှေ့တွင် ဆောက်လုပ်လျက် ရှိရာ နိုဝင်ဘာ ၃၀ ရက်၊ နံနက်ပိုင်းက မြို့နယ်လုံးဆိုင်ရာသာသနာ့ ဗိမာန်တော်ကြီး တည်ဆောက်နိုင်ရေးအတွက်  အလှူငွေပေး အပ်လှူဒါန်းခြင်းကို  မြို့နယ်သံဃနာယက အဖွဲ့မှ ဆရာတော်ကြီးများ ကြီးမှူး၍ မြို့ကျက်သရေဆောင် တ၀ရွှေဂူကြီးဘုရား အာရုံခံတန်ဆောင်းတွင် ကျင်းပသည်။


ပေးအပ်  လှူဒါန်းရာတွင်လည်း ထန်းတပင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်ကျောင်း ၂၂၁ ကျောင်းတို့မှ  ပေးအပ်လှူဒါန်းသည့် အလှူငွေ  ကျပ်သိန်း ၂၀၀ ကို မြို့နယ် သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ သီတလာရာမ ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တ သီလာ စာရနှင့် မြို့နယ်သံဃနာယက အဖွဲ့ဝင် ဆရာတော်များရှေ့မှောက်တွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇေယျာ လင်းက မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန် တော်ကြီး တည်ဆောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအေးဝင်းထံသို့ ပေးအပ်လှူဒါန်းခဲ့သည်။


ထန်းတပင်   မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီးကို ၂၀၁၉ခုနှစ်၊ ဧပြီလ နောက်ဆုံးပတ်မှစတင်၍ အလျား ၁၁ဝ ပေ၊ အနံ ၆၀ ပေ၊ အမြင့် ၂၆ ပေရှိ Steel Structure နှစ်ထပ်အဆောက်အဦ တည်ဆောက်နေခြင်းဖြစ်ပြီး တည်ဆောက် ပြီးစီးမှုများအနေဖြင့် လေးဆယ်ရာခိုင်နှုန်း အထိ ပြီးစီးနေပြီဖြစ်သည်။ ပါဝင်လှူဒါန်း လိုကြသည့်   အလှူရှင်များအနေဖြင့် မြို့နယ်သံဃာ့နာယက   အဖွဲ့ဥက္ကဋ္ဌ သီတလာရာမကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသီလာစာရ ဖုန်း ၀၉-၆၉၈၈၂၀၉၆၉၊  မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌ ဦးအေး ဝင်း ဝ၉-၇၈၉ ၄၇၁၇၀၆၊ ဒုဥက္ကဋ္ဌ ဦးကြည် လွင် ၀၉- ၄၂ဝ ဝဝဝ၂၃၅၊ အတွင်းရေးမှူး ဦးအောင်ကျော် ဝ၉-၇၅၅၆၁၉၅၅၄ နှင့် ဘဏ္ဍာရေးမှူး (၁) ဦးအောင်လွင် ဝ၉-၅ဝ၃၆၉၂၅ တို့ထံ ဆက်သွယ်လှူဒါန်း နိုင်သည်။            ဇင်မင်းထိုက်(ထန်းတပင်)






အခြားဆက်စပ်သတင်းများ