နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေစီးရေလာကောင်းမွန်ရေးနှင့် မြို့တော်ဖွံ့ဖြိုးတိုးတက်ရေး ရန်ကုန်မြို့တော်ဝန် ကြည့်ရှုစစ်ဆေး

ရန်ကုန်  ဒီဇင်ဘာ  ၁


ရန်ကုန်တိုင်းဒေသကြီး စည်ပင် သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ လျက် ယနေ့ နံနက်ပိုင်းက အင်းစိန် မြို့နယ်၊ စံပြချမ်းမြေ့စည်ပင်အိမ်ရာဝင်း ၌ ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် ဈေးရောင်းနေမှု၊ အောင်ဆန်း မြို့ အောင်ဆန်းတောရတပ်ဦးကျောင်း တိုက်၌ ဆွမ်းဆန်တော် ဆက်ကပ်ပြီး ပုလဲလမ်း အုတ်ရေမြောင်းတည်ဆောက် နေမှု၊ စမ်းချောင်းမြို့နယ် ဟံသာဝတီ အဝိုင်းအနီး လူသွားစင်္ကြံ ခင်းကျင်းနေ မှုနှင့် ကျောက်တံတားမြို့နယ် မြို့တော် ခန်းမ ရေစုကန်တည်ဆောက်ခြင်း လုပ်ငန်းတို့ကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။


ရှေးဦးစွာ မြို့တော်ဝန်နှင့် အဖွဲ့ သည် နံနက် ၇ နာရီတွင် အင်းစိန် မြို့နယ်၊ ဖန်ချက်စက်လမ်းရှိ စံပြ ချမ်းမြေ့စည်ပင် ဝန်ထမ်းအိမ်ရာဝင်း၌ ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့်သန့်ရှင်းရေးဌာနမှ ကြီးကြပ်၍ ကုန်စိမ်း၊ ကုန်ခြောက်မျိုးစုံ၊ အသား မျိုးစုံနှင့် ငါး၊ ပုစွန်အမျိုးမျိုးတို့ ဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူနိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေး အတွက် ဈေးသို့ သွားရောက်ရန်မလိုဘဲ နေအိမ်အနီး အလွယ်တကူ ဝယ်ယူနိုင် ရန် ရောင်းချပေးနေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြား ချက်များ၊ အသိပေးချက်များကိုလိုက်နာ ၍ ဈေးရောင်း၊ ဈေးဝယ် ပြုလုပ်ကြရန် မှာကြားသည်။


ထိုမှတစ်ဆင့် မြို့တော်ဝန်နှင့်အဖွဲ့ သည် နံနက် ၇ နာရီခွဲတွင် အင်းစိန် မြို့နယ်၊ အောင်ဆန်းမြို့၊ အောင်ဆန်း တောရ တပ်ဦးကျောင်းတိုက်သို့ သွားရောက်၍ ကမ္ဘာ့ဗုဒ္ဓသာသနာပြု အောင်ဆန်းဆရာတော် အဂ္ဂမဟာ ကမ္မဌာနာစရိယ ဒေါက်တာဘဒ္ဒန္တသဒ္ဓမ္မ ကိတ္တိသာရ အမှူးပြုသော ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန် တော်နှင့် ဆီတို့ကို အဆိုပါကျောင်းတိုက် မှ ဆရာတော် အရှင်ဇောတိဿရထံ ဆက်ကပ်လှူဒါန်းသည်။


ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့ သည် နံနက် ၈ နာရီတွင် အင်းစိန် မြို့နယ်၊ ပုလဲလမ်းမကြီးသို့ ရောက်ရှိ ပြီး မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း သံမဏိစက်ရုံရှေ့တွင် အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု)မှ ဆောင်ရွက် နေသော အရှည် ၈၀၀ ပေ၊ အကျယ် ၄ ပေ၊ အနက် ၅ ပေရှိ အုတ်ရေမြောင်း တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေး ပြီး လိုအပ်သည်များ မှာကြားသည်။


ပုလဲလမ်းမကြီးသည် အောက် မင်္ဂလာဒုံလမ်းနှင့် ရွှေပြည်သာစက်မှုဇုန် များသို့ ဆက်သွယ်ရာ အဓိကလမ်းမ ကြီးဖြစ်သဖြင့် ပုလဲလမ်းတစ်လျှောက် သန့်ရှင်းသာယာသပ်ရပ်ရေးနှင့် ကုန်တင် ယာဉ်များ လွယ်ကူစွာ သွားလာ နိုင်ရေးအတွက် လမ်းဝဲ/ယာ ရှင်းလင်း ချဲ့ထွင်ပြီးဖြစ်သည့်အပြင် ပုလဲလမ်း ရေမြောင်းမှ ရွာမချောင်းသို့ ရေစီး ရေလာ ကောင်းမွန်စေရေးအတွက် လမ်းတလျှောက် လိုအပ်သည့်နေရာ များတွင် အုတ်ရေမြောင်းများ၊ Box Culvert နှင့် လမ်းဖြတ် Culvert များ တည်ဆောက်နေခြင်းဖြစ်ကြောင်းနှင့် ယခု အုတ်ရေမြောင်း တည်ဆောက်နေ မှု ၂၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ယင်းနောက် မြို့တော်ဝန်နှင့် အဖွဲ့ သည် နံနက် ၈ နာရီခွဲတွင် စမ်းချောင်း မြို့နယ်၊ ဟံသာဝတီအဝိုင်းအနီး ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနရှေ့တွင် အင်ဂျင်နီယာဌာန(လမ်း နှင့်တံတား)မှ ဆောင်ရွက်နေသော အရှည် ၆၇၀ ပေ၊ အကျယ် ၁၂ ပေရှိ Interlockလူသွားစင်္ကြံ ခင်းကျင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး လူသွားစင်္ကြံကို အုတ်တံတိုင်းအစပ်ထိ အပြည့်ခင်း ရန်၊ စင်္ကြံပေါ်ရှိ အရိပ်ရအပင်များမှ အုပ်မိုးကိုင်းများကို ခုတ်ထွင်းပုံသွင်း၍ သန့်ရှင်းသပ်ရပ်ရေး ဆောင်ရွက်ရန် မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။


ထို့နောက် မြို့တော်ဝန်နှင့် အဖွဲ့ သည် နံနက် ၉ နာရီတွင် ကျောက်တံတား မြို့နယ်၊ မဟာဗန္ဓုလလမ်းရှိ ရန်ကုန် မြို့တော်ခန်းမသို့ ရောက်ရှိပြီး အင်ဂျင် နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု) မှ ဆောင်ရွက်နေသော အလျား ၇၀ ပေ၊ အနံ ၃၃ ပေ၊ အနက် ၇ ပေရှိ ရေဂါလန် တစ်သိန်းဆံ့ ရေစုကန် RC Ground Tank တည်ဆောက်နေမှု လုပ်ငန်းကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေး သည်။


မိုးရာသီကာလအတွင်း မိုးသည်း ထန်စွာ ရွာသွန်းချိန်နှင့် မြစ်ရေတက် ချိန် တိုက်ဆိုင်ပါက ရန်ကုန်မြို့လယ် တွင် ယာယီရေကြီးရေလျှံမှု ဖြစ်ပေါ် လေ့ရှိခြင်းကြောင့် မိုးရေများကို ယာယီ သိုလှောင်နိုင်ရန် အဆိုပါ ရေစုကန် တည်ဆောက်ခြင်းဖြစ်ကြောင်း၊ အဆိုပါ ရေစုကန် တည်ဆောက်ထားမှု စနစ်မှာ လမ်းပေါ်မှ ရေများကို အကျယ် ၃ ပေရှိ ရေမြောင်းဖြင့် ရေစုကန်အတွင်း စီးဝင် စေ၍ ယာယီသိုလှောင်ပြီး ယင်းမှ တစ်ဆင့် အကျယ် ၃ ပေရှိ ရေမြောင်း ဖြင့် မဟာဗန္ဓုလပန်းခြံဘေးရေမြောင်း သို့ ဖောက်ထုတ်နိုင်ရန် တည်ဆောက် ထားခြင်းဖြစ်ကြောင်းနှင့် ရေစုကန် တည်ဆောက်ခြင်းလုပ်ငန်း ၂၀ ရာခိုင် နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

သတင်း-သွင်မောင်မောင်၊

ဓာတ်ပုံ-ရွှေဝင်း






အခြားဆက်စပ်သတင်းများ