နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျိုင်းတုံမြို့ အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေး(ဆင့်ပွား)သင်တန်းဖွင့်လှစ်

ကျိုင်တုံ    နိုဝင်ဘာ     ၃၀


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အဆင့်မြင့်ရှာဖွေ ကယ်ဆယ်ရေး (ဆင့်ပွား) သင်တန်းကို နိုဝင်ဘာ ၂၉ ရက်၊ နံနက် ၈ နာရီက ခရိုင်မီးသတ်ရုံး၌ ကျင်းပသည်။ 


သင်တန်းဖွင့်ပွဲတွင် ခရိုင်မီးသတ် ဦးစီးမှူး ဦးကျော်သူက သင်တန်းဖွင့် လှစ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားပြီး သင်တန်းနည်းပြများက အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေး ဆိုင် ရာ အကြောင်းအရာများကို စာတွေ့ လက်တွေ့ သင်ကြားပို့ချသည်။


သင်တန်းတွင် ခေတ်မီ မီးငြှိမ်းသတ် ရေး ပစ္စည်းကိရိယာများ အသုံးပြုနည်း၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဥပဒေ၊ နည်းဥပဒေများ၊ ကျောလွယ်(HNE) ကိုင်တွယ်ထိန်းသိမ်းနည်းနှင့် အဆင့် မြင့် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ သင်ခန်းစာများကို နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၁၀ ရက်ထိ ပို့ချသင်ကြား ပေးသွားမည်ဖြစ်ပြီး ရှမ်းပြည်နယ် (အရှေ့ပိုင်း)မှ မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသား ၃၅ ဦး တက်ရောက် ကြသည်။         

စစ်ငြိမ်းမာန်






အခြားဆက်စပ်သတင်းများ