နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အရှေ့တောင်အာရှနိုင်ငံများကိုဗစ်ဗိုင်းရပ်စ်သစ် အိုမီခရွန်ကို အရှိန်မြှင့်စောင့်ကြည့်ရန် WHO တိုက်တွန်း

ဂျနီဗာ၊  နိုဝင်ဘာ ၃၀

 

ကိုဗစ်ကာကွယ်ဆေးများ မတိုးဟု ယူဆရသည့်  မျိုးကွဲသစ် အိုမီခရွန်နှင့် ပတ်သက်၍ အရှေ့တောင်အာရှနိုင်ငံ များအနေနှင့်   စောင့်ကြည့်မှုများကို အရှိန်မြှင့်တင်ခြင်း၊  ကျန်းမာရေးနှင့် လူမှုရေးလုပ်ဆောင်ချက်များကို အရှိန် မြှင့်လုပ်ဆောင်ခြင်း၊ ကာကွယ်ဆေးပိုမို ထိုးပေးနိုင်ခြင်းတို့ကို လုပ်ဆောင်ရန် လိုအပ်ကြောင်း  WHO က တိုက်တွန်း ပြောဆိုလိုက်သည်။ 


WHO ၏ အရှေ့တောင်အာရှဒေသ တွင်း  ဒါရိုက်တာဖြစ်တဲ့ ဒေါက်တာ Poonam Khetrapal Singh က “ဒေသတွင်းနိုင်ငံအများစုမှာ ကိုဗစ်ကူး စက်ခံရသူအရေအတွက်   လျော့ကျ လာပြီဆိုပေမယ့် အသစ်တွေ့ရှိတဲ့ ကိုဗစ် မျိုးကွဲသစ် Omicron က  ကိုဗစ်ရဲ့ အန္တရာယ်ရှိနေသေးတယ်ဆိုတာကိုသတိ ပေးလိုက်တာပါပဲ။ ဒေသတွင်းနိုင်ငံတွေ အနေနဲ့ သတိလျော့လို့မရပါဘူး” ဟု သတိပေးပြောကြားထားခြင်း ဖြစ်သည်။ 


ထို့ပြင်  အရှေ့တောင်အာရှဒေသ အတွင်း လက်ရှိအချိန်အထိ နှစ်ကြိမ် ကာကွယ်ဆေးထိုးပြီးသူ ၃၁ ရာခိုင်နှုန်း နှင့် တစ်ကြိမ်ကာကွယ်ဆေးထိုးပြီးသူ ၂၁ ရာခိုင်နှုန်းသာရှိသေးပြီး  ၄၈ ရာခိုင်နှုန်း သို့မဟုတ် လူဦးရေ တစ်ဘီလီယံခန့် သည်   ကာကွယ်ဆေးမထိုးရသည့် အခြေအနေဖြစ်နေကြောင်းလည်း ထောက်ပြပြောဆိုသည်။

(Ref:Reuters)






အခြားဆက်စပ်သတင်းများ