ပေကျင်း၊ နိုဝင်ဘာ ၃၀
တရုတ်စမတ်ဖုန်း ကုမ္ပဏီကြီး Xiaomi သည် ပေကျင်းတွင် ကားစက်ရုံ တည်ထောင်ရန် အုပ်ချုပ်ရေးကော်မတီ ဖြစ်သည့် ပေကျင်းစီးပွားနည်းပညာ တိုးတက်ရေးဒေသရုံးနှင့် ပူးပေါင်း ဆောင်ရွက်ရေးသဘောတူညီမှုစာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံတွင် ရေပန်းစားလာ သည့် လျှပ်စစ်ကားတွင် နောက်ဆုံး ရင်း နှီးမြှုပ်နှံမည့်ကုမ္ပဏီကတော့ Xiaomi ဖြစ်ပြီး လာမည့် ၁၀ နှစ် အတွင်း ကန် ဒေါ်လာ ၁၀ ဘီလီယံခန့်ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း နိုဝင်ဘာ ၂၉ ရက်က သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။
E-Town က Wechat လူမှုစာမျက်နှာ တွင် ဖော်ပြချက်အရ အသစ်ဖွင့်မည့် Xiaomi ၏ ကားစက်ရုံသည် တစ်နှစ် လျှင် လျှပ်စစ်ကားအစီးရေ ၃ သိန်း ခန့်ထုတ်လုပ်နိုင်မည်ဖြစ်ပြီး၊ Xiaomi အလုပ်မှုဆောင် အရာရှိချုပ်၏ အောက် တိုဘာလတွင် ကြေညာချက်အရ ကုမ္ပဏီအနေနှင့် ပမာဏများပြားသည့် ထုတ်လုပ်မှုကို လာမည့် ၂၀၂၄ တွင် စတင်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ပြောသည်။
Xiaomi သည် ကုမ္ပဏီ၏ တတိယ ပတ်သုံးလ ငွေကြေးအစီအရင်ခံစာကို ပြီးခဲ့သည့် ရက်သတ္တပတ်က ထုတ်ပြန် ခဲ့ပြီး ယင်းတို့၏ လျှပ်စစ်ကားစီမံကိန်း မှာလည်း ဝန်ထမ်းပေါင်း ၅၀၀ ကျော်နှင့် ကောင်းမွန်စွာ တိုးတက်နေကြောင်း ပြောကြားထားသည်။
ဆယ်စုနှစ်အတွင်း တရုတ်နိုင်ငံ သည် ကမ္ဘာပေါ်တွင်အကြီးဆုံး လျှပ်စစ် ကားစျေးကွက်ဖြစ်လာခဲ့ပြီး ပြည်တွင်းပြည်ပက ကုမ္ပဏီများကို လည်း ဆွဲဆောင်နေခြင်းဖြစ်သည်။
(Ref:BBC)