နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မဟာမုနိရုပ်ရှင်တော်မြတ်ကိန်းဝပ်စံပါယ်ရာမဟာသုဝဏ္ဏပါသာဒ ရွှေကျောင်းတော်တိုင်များ ကျောက်စိမ်းပြားကပ်လှူရန်ငွေလှူဒါန်း

မန္တလေး    နိုဝင်ဘာ     ၂၉


မန္တလေးမြို့မဟာမုနိရုပ်ရှင် တော်မြတ်ကြီးဘက်စုံပြု ပြင်ရေး အလှူငွေများ  လာရောက် လှူဒါန်းလျက်ရှိရာ နိုဝင်ဘာ ၂၇ ရက်က မဟာမုနိရုပ်ရှင် တော်မြတ်ကိန်းဝပ်စံပယ်တော် မူရာ မဟာသုဝဏ္ဏပါသာဒရွှေကျောင်းတော်ကြီးတိုင်များ၏ အခြေတွင် ကျောက်စိမ်းပြား ကပ်လှူပူဇော်ရန် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ၈၄ လမ်းနေ ကွယ်လွန်သူ ဖခင်ကြီးဗိုလ်ချုပ်မင်းဂေါင်(ငြိမ်း)+မိခင် ကြီး ဒေါ်ခင်မေ(အောင်မောင်း ဆေးတိုက်)တို့အား ရည်စူး၍ ပါမောက္ခဒေါက်တာနေဝင်း +ဒေါ်မေမေသွဲ့ မိသားစုက တိုင်အမှတ်(၇၄)အတွက် ငွေကျပ် ၆၅ သိန်း၊ (ဦးအောင် မင်းဦး)+ဒေါ်သန်းသန်းဌေး၊ ဦးညီညီဦး+ဒေါ်ဥမ္မာဝင်းလွင် မိသားစုက တိုင်အမှတ်(၇၄)အတွက် ငွေကျပ် ၄၅ သိန်း၊ ဦးကျော်ထွေး+ ဒေါ်ဝင်းမေအား ရည်စူး၍ သားသမီးမြေးတစ်စု က တိုင်အမှတ်(၆၅)အတွက် ငွေကျပ် ၄၅ သိန်း၊ ကိုဝေယံ နေဝင်း+ မနှင်းနန္ဒာစိုး၊ ဒေါက်တာရူပါနေဝင်း၊ (မြေး)အမရာခင်မိသားစုက တိုင် အမှတ်(၈၂)အတွက် ငွေကျပ် ၆၅ သိန်းစုစုပေါင်းကျပ်သိန်း ၂၂၀ လှူဒါန်းရာ မဟာမုနိဂေါပက အဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်းနှင့်ဂေါပက အဖွဲ့ဝင်များက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။


မဟာမုနိဘုရားကြီးသို့ ရွှေသင်္ကန်းကပ်လှူရန်၊ ဘက်စုံ ပြုပြင်ရန်၊ ကျောင်းတော်ရွှေချ ရန်၊ ဓာတ်မီးတော်ပူဇော်ရန်၊ ငွေပဒေသာပင်စိုက်ထူရန်အလှူ ငွေလှူဒါန်းလိုသောအလှူရှင် များအနေဖြင် KBZ Bank ငွေစာရင်းအမှတ် 08730206 100449101 နှင့် UAB ဘဏ် ငွေစာရင်းအမှတ် 01 7130 1000 12259နှင့်နိုင်ငံခြား ငွေစာရင်းအမှတ် 01 7012 1000 00750နှင့် ဖုန်း- ဝ၉-၄၄၄၀၄၄၄၇၅၊ ဝ၉-၄၀၂၅ ၉၉၉၁၃ သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။

မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ