နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရုရှားနှင့် တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ဖြစ်နေကြောင်း ယူကရိန်းသမ္မတ ပြောကြား

ကီးယက်၊  နိုဝင်ဘာ ၂၉


ယူကရိန်းသမ္မတ Volodymyr Zelensky က Donbas ဒေသ အကျပ်အတည်းနှင့် ပတ်သက်၍ ရုရှား နိုင်ငံနှင့် တွေ့ဆုံဆွေးနွေးရန် အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း   အစိုးရပိုင် Ukrinform သတင်းအေဂျင်စီက ဖော်ပြ ခဲ့သည်။ 


ယူကရိန်းအနေဖြင့် Donbas ဒေသ ၏ ပဋိပက္ခကို ဖြေရှင်းရန် နော်မန် ဒီပုံစံ (Normandy format) မူဘောင် အတွင်းသာမက အမေရိကန်နိုင်ငံ၏ ပါဝင်ပတ်သက်မှုနှင့်အတူ အခြားသော အပြိုင်ပုံစံဖြင့်လည်း ပြင်ဆင်နေကြောင်း၊ ယူကရိန်းနိုင်ငံအနေဖြင့် အကျပ်အတည်း ကို သံတမန်နည်းလမ်းဖြင့် ဖြေရှင်းရန် ဆန္ဒရှိကြောင်း Zelensky က ပြောကြား ခဲ့သည်။ 


ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင်ဖြစ်ပွား သော ပဋိပက္ခများသည် ၂၀၁၄ ခုနှစ် ဧပြီလမှစတင်ကာ ပြင်းထန်လာခဲ့ပြီး လူပေါင်း ၁၄,၀၀၀ ခန့် သေဆုံးခဲ့ကြောင်း သိရသည်။  


၂၀၁၄ ခုနှစ် ဇွန်လတွင် ယူကရိန်း၊ ရုရှား၊ ဂျာမနီနှင့် ပြင်သစ်တို့ ပါဝင်သော နော်မန်ဒီဆက်သွယ်ရေးအဖွဲ့ဟု လူသိ များသော နော်မန်ဒီပုံစံကို ပဋိပက္ခ ဖြေရှင်းရန် ထူထောင်ထားခဲ့သော်လည်း ယူကရိန်းနှင့် ရုရှားကြား ဆက်ဆံရေး သည် Donbas နှင့် Crimea ဒေသ ဖွံ့ဖြိုးတိုးတက်မှုများအပေါ် ၎င်းတို့၏ မတူညီသော ရပ်တည်ချက်များကြောင့် ၂၀၁၄ ခုနှစ် အစောပိုင်းကတည်းက ယိုယွင်းလာခဲ့သည်။      ရဲခေါင် (Ref:AP)






အခြားဆက်စပ်သတင်းများ