နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရုရှားတွင် ကျောက်မီးသွေးတွင်းပေါက်ကွဲမှုအလုပ်သမား ၅၂ ဦး သေဆုံး

မော်စကို    နိုဝင်ဘာ  ၂၇


ဆိုက်ဘေးရီးယားမှာ မြေအောက် ကျောက်မီးသွေးတွင်း ပေါက်ကွဲမှု ကြောင့် မြေအောက် မီတာ၂၅၀ အနက် တွင် အလုပ်လုပ်နေသော လုပ်သား  ၅၂ ဦးသေဆုံးခဲ့ကြောင်း ရုရှားအရာရှိ များက နိုဝင်ဘာ ၂၇ ရက်တွင် အတည်ပြုပြောကြားလိုက်သည်။ 


ယမန်နေ့က မြေအောက်တွင်း မီသိန်းဓာတ်ငွေ့ပေါက်ကွဲပြီး နာရီ အနည်းငယ်အကြာတွင် မိုင်းတွင်း တစ်ခုလုံး အဆိပ်အတောက်ဖြစ်စေ သော မီးခိုးငွေ့များ ပြည့်နှက်ခဲ့သဖြင့် ကယ်ဆယ်ရေးသမားများက ဝင် ရောက် ကယ်ဆယ်ခဲ့သော်လည်း အလောင်း ဆယ့်လေးလောင်းကိုသာ တွေ့ရှိခဲ့ပြီး မီသိန်းနှင့် ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့များကြောင့် ကျန်အလောင်း ၃၈ လောင်းကိုမူ ဆက်လက်ရှာဖွေမှု မလုပ်နိုင်တော့ကြောင်း သိရသည်။ 


မြေအောက်တွင်းထဲရှိ အလုပ် သမား၂၃၉ ဦးကိုမူ ကယ်ဆယ်နိုင်ခဲ့ပြီး  အသက်ရှင်ကျန်ရစ်သူများကို ထပ်မံ ရှာဖွေရန် အခွင့်အလမ်းမရှိတော့ ကြောင်း ကယ်ဆယ်ရေးတာဝန်ရှိ သူများက ပြောကြားခဲ့ခြင်းဖြစ်သည်။ 


အဆိုပါမိုင်းတွင်းသည် ဆိုက်ဘေး ရီးယား အနောက်တောင်ပိုင်း ကီမီရိုဗို  ဒေသမှာတည်ရှိပြီး မတော်တဆမှုတွင် သေဆုံးသူ ၅၂ ဦးရှိခဲ့ကာ သေဆုံးသူ အားလုံးမှာ ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်ကာ သေဆုံးသွားရခြင်းဖြစ် ကြောင်း ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူး ရုံးကပြောသည်။ ရဲခေါင် (ref:Reuters)






အခြားဆက်စပ်သတင်းများ