နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်ကာကွယ်ဆေးအပြည့်အ၀ထိုးထားသူများတွင် အာဖရိက ကိုဗစ်-၁၉ မျိုးကွဲအသစ် ကူးစက်ခံရမှုတွေ့ရှိ

ဂါဘရိုနီ    နိုဝင်ဘာ  ၂၇


B.1.1.529 ဟု လူသိများသော အာဖရိကမျိုးကွဲ ကိုဗစ်-၁၉ ဗိုင်းရပ် ကူးစက်ခံရသူလေးဦးကို နိုင်ငံအတွင်း တွေ့ရှိခဲ့ကြောင်း ဘောဆွာနာသမ္မတ ၏  ကိုဗစ်-၁၉ အလျင်အမြန် အရေးယူ ဆောင်ရွက်ရေးအဖွဲ့က အစီရင်ခံစာ တစ်ခုကို နိုဝင်ဘာ ၂၇ ရက်ကထုတ်ပြန် လိုက်သည်။ 


အဆိုပါအစီရင်ခံစာတွင် ကူးစက်ခံ ရသူ လေးဦးစလုံးမှာ    ကိုဗစ်-၁၉ ကာကွယ် ဆေးအပြည့်ထိုးထားကြောင်း ဖော်ပြ ထားသည်။ လက်ရှိအချိန်အထိ ဘော့ဆွာနာတွင် ကိုဗစ်-၁၉ ကူးစက်ခံ ရသူ ၁၉၄,၉၀၉ ဦး၊ သေဆုံးသူ ၂,၄၁၆  ဦးနှင့် ပြန်လည်ကောင်းမွန်လာသူ ၁၉၁,၉၆၁ ဦး ရှိနေပြီဖြစ်သည်။ 


ဘော့ဆွာနာတွင် လူဦးရေ ၂ ဒသမ ၅၃ သန်းရှိရာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို လူပေါင်း ၁ ဒသမ ၅၃ သန်းတွင် ထိုးပေးခဲ့ပြီးဖြစ်သည်။ 


အဆိုပါထုတ်ပြန်ချက်တွင် ယခု တွေ့ရှိမှုမှာ ပုံမှန်ခရီးသွားလာမှု အကြို စစ်ဆေးမှုအတွင်း ခရီးသည်များ အကြား ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ ခဲ့သည်။                 မျိုးဝင်း(Ref:BBC)






အခြားဆက်စပ်သတင်းများ