နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဖရိက ကိုဗစ်-၁၉ မျိုးကွဲသစ်အပေါ် ဗြိတိန်သတိပေးချက် မြှင့်တင်

လန်ဒန်    နိုဝင်ဘာ  ၂၇


တောင်အာဖရိကတွင် အသစ် တွေ့ရှိထားသော ကိုရိုနာဗိုင်းရပ်မျိုးကွဲ ကူးစက်ပြန့်ပွားမှုသည် ကာကွယ်ဆေး မထိရောက်သည့်အတွက် ကမ္ဘာလုံး ဆိုင်ရာ ကပ်ရောဂါတိုက်ဖျက်ရေးကို ထိခိုက်စေနိုင်မည်ကို စိုးရိမ်နေကြောင်း ဗြိတိန်က ပြောသည်။  B.1.1.529 ဟုခေါ်သော မျိုးကွဲအသစ်သည် လက်ရှိ ကာကွယ်ဆေးများ အခြေခံထားသည့် မူလကိုရိုနာ ဗိုင်းရပ်ပိုးနှင့်မတူသော ဖွဲ့စည်းပုံရှိကြောင်း ယူကေကျန်းမာရေး လုံခြုံမှုအေဂျင်စီက ထုတ်ပြန်သည်။ 


တာဝန်ရှိသူများကမူ အဆိုပါ မျိုးကွဲမှာ လက်ရှိအဆိုးဝါးဆုံး ဒယ်လ်တာမျိုးကွဲထပ် ဗီဇပြောင်းပိုး ကူးစက်ခြင်းထက် နှစ်ဆမြန်ဆန် ကြောင်း ထိုမျိုးကွဲကို ယခုသီတင်းပတ် အစတွင် ပထမဆုံးဖော်ထုတ်နိုင်ခဲ့ သော်လည်း  ဗြိတိန်သည် တောင် အာဖရိကနှင့် အိမ်နီးချင်းနိုင်ငံ ငါးနိုင်ငံ အပေါ် ခရီးသွားကန့်သတ်ချက်များကို အလျင်အမြန်ချမှတ်ခဲ့ပြီး လက်ရှိ ဒယ်လ်တာမျိုးကွဲ တွေ့ခဲ့စဉ်ကထက် ပိုမိုလျင်မြန်စွာ တုံ့ပြန်နေခြင်းဖြစ်သည်။ 


ဗြိတိန်သည် နိုဝင်ဘာ ၂၆ ကစပြီး တောင်အာဖရိက၊ ဘော့ဆွာနာ၊ ဇင်ဘာဘွေ၊ လီဆိုသိုနှင့် အက်စဝါ တီနီတို့မှ လေကြောင်းလိုင်းများ ဝင်ရောက်ပျံသန်းမှုကို ကန့်သတ်ခဲ့ပြီး ယင်းနိုင်ငံများမှပြန်လာသော ဗြိတိန် နိုင်ငံသားများအနေဖြင့်လည်း ကွာရန် တင်းဝင်ရမည်ဖြစ်ကြောင်း ထုတ်ပြန် ထားသည်။          

   မျိုးဝင်း (ref:BBC)






အခြားဆက်စပ်သတင်းများ