နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆိုမာလီယာတွင် ကုလ လုံခြုံရေးယာဉ်တန်းဗုံးခွဲတိုက်ခိုက်ခံရ

မိုဂါဒစ်ရှူး    နိုဝင်ဘာ  ၂၇


ဆိုမာလီယာနိုင်ငံ မိုဂါဒစ်ရှုး မြို့တော်ရှိ  စာသင်ကျောင်းတစ်ခုအနီး ပြီးခဲ့သည့် ကြာသပတေးနေ့က လုံခြုံရေးယာဉ်တန်းကို ပစ်မှတ်ထား တိုက်ခိုက်သည့် အသေခံကားဗုံး ဖောက်ခွဲမှုကြောင့် လူ ရှစ်ယောက်ထက် မနည်းသေဆုံးပြီး၊ ဆယ့်ခုနှစ်ယောက် ဒဏ်ရာရခဲ့ကြောင်း နိုဝင်ဘာ ၂၇ ရက်တွင် အတည်ပြုလိုက်သည်။ 


အဆိုပါ ပေါက်ကွဲမှုကြောင့် အကြီးအကျယ် ထိတ်လန့်တုန်လှုပ်ခဲ့ ရကာ စာသင်ခန်းများရှိ ကျောင်းသား များကို စာသင်နေချိန်ပေါက်ကွဲမှုအရှိန် သည် ကျောင်း၀င်းတွင်းအထိရိုက်ခတ် ခဲ့ကြောင်း အခင်းဖြစ်သည့်နေရာအနီးရှိ စာသင်ကျောင်းတစ်ကျောင်းမှ ဆရာ တစ်ယောက်က ပြောသည်။ 


ကုလသမဂ္ဂအတွက် လုံခြုံရေး တာ၀န်ယူပေးနေသည့် ယာဉ်တန်းကို ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင် လာသော SUV ကားတစ်စင်းနှင့်ဘေးက ယှဉ်မောင်းပြီး ဖောက်ခွဲတိုက်ခိုက် ခဲ့ခြင်းဖြစ်သည်ဟု  မိုဂါဒစ်ရှုးမြို့တော် ရဲတပ်ဖွဲ့ ပြောခွင့်ရ Abdifatah Aden Hassan က အတည်ပြုပြောကြားထား သည်။ 


မိုဂါဒစ်ရှုးမြို့တော် အချက်အခြာ နေရာတွင် ဖြစ်ပွားခဲ့သည့် အသေခံဗုံးခွဲ တိုက်ခိုက်မှုကြောင့် အနီးရှိ အသေးစား စီးပွားရေးလုပ်ငန်းများနှင့် စားသောက် ဆိုင်တစ်ဆိုင် ပျက်စီးသွားခဲ့ကာ ပေါက်ကွဲမှုဖြစ်ချိန်တွင် ကျောင်းသား တစ်ထောင်ကျော် စာသင်နေသည့် စာသင်ကျောင်း တစ်ကျောင်းလည်း ထိခိုက်ပျက်စီးမှုများရှိခဲ့သည်။


ရဲခေါင် (ref:AFP)






အခြားဆက်စပ်သတင်းများ