နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အရန်ရေနံကို လိုအပ်သမျှသာ ထုတ်သုံးမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြော

ပေကျင်း   နိုဝင်ဘာ  ၂၆


အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က မဟာဗျူဟာမြောက် အရန်ရေနံ စည်ပေါင်း ၅၀ သန်းကိုထုတ်သုံးရန် ကြေညာခဲ့ပြီးနောက် တရုတ်နိုင်ငံ အနေဖြင့် နိုင်ငံအတွင်း လိုအပ်သည့် ပမာဏကိုသာ အရန်ရေနံထုတ်သုံးမည် ဖြစ်ကြောင်း ယနေ့တွင် အတည်ပြု ကြေညာလိုက်သည်။ 


တရုတ်နိုင်ငံအနေဖြင့် ရေနံထုတ် လုပ်သော နိုင်များနှင့်သာမက ရေနံ အသုံးပြုသောနိုင်ငံများနှင့်ပါ  အမြဲတမ်း ဆက်သွယ်နေပြီး  ရေနံစျေးတည်ငြိမ် ရေးအတွက် နီးကပ်စွာကြိုးပမ်းနေ ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနက ထုတ်ပြန်သည်။ 


တရုတ်နိုင်ငံသည် ရေနံစျေး တည်ငြိမ်လာစေရန် တခြားလိုအပ် သော အစီအစဉ်များကိုလည်းဆောင် ရွက်မည်ဖြစ်ပြီး ယင်းကိစ္စနှင့်ပတ်သက် သည့် အချက်အလက်များကိုလည်း အချိန်နှင့်တပြေးညီ ထုတ်ပြန်သွား မည်ဖြစ်ကြောင်း နေ့စဉ်သတင်းစာ ရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး ရှောင်းလီကျင်က ပြောသည်။ 


ကမ္ဘာတွင် အရေးပါသောရေနံ ထုတ်လုပ်သူနှင့် အသုံးပြုသူဖြစ်သည် နှင့်အညီ တရုတ်နိုင်ငံသည် နိုင်ငံ တကာ၏ ရေနံစျေးတည်ငြိမ်ရေးကို အမြဲဦးစားပေး ဆောင်ရွက်လျက်ရှိသည့် အပြင် အရေးကြီးသောနိုင်ငံများကိုပါ ဆက်သွယ်ဆွေးနွေးကာ စျေးကွက် ရေရှည်တည်ငြိမ်ရေး၊ ပူးပေါင်းဆောင် ရွက်မှုမြှင့်တင်ရေးနှင့် စိန်ခေါ်မှုများ အတွက် အတူတကွဖြေရှင်းရန် ဆန္ဒ ရှိနေကြောင်း သိရသည်။

မျိုးဝင်း (Ref:BBC)






အခြားဆက်စပ်သတင်းများ