နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၂၀၂၅ ခုနှစ် ကမ္ဘာ့ 5G ဆက်သွယ်ရေး၏ ၄၀ ရာခိုင်နှုန်းတရုတ်ဆက်သွယ်ရေးကွန်ရက်ဖြစ်လာနိုင်

ပေကျင်း   နိုဝင်ဘာ  ၂၆


တရုတ် 5G ဆက်သွယ်ရေးကွန်ရက် သည် လာမည့် ၂၀၂၅ တွင် သန်းပေါင်း ၈၆၅ ရောက်ရှိရန် မျှော်မှန်းထားပြီး၊ နိုင်ငံတကာ 5G ဆက်သွယ်ရေးကွန်ရက် စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းခန့်ကို ဖြန့်ကြက်လာနိုင်ကြောင်း ဆက်သွယ် ရေးကွန်ရက်ဆိုင်ရာ ထောက်လှမ်းရေး အစီရင်ခံစာတွင် ဖော်ပြထားသည်။ 


ထို့အပြင် တရုတ်နိုင်ငံ၏ 5G တွင် ထိုးဖောက် ဝင်ရောက်နိုင်မှုမှာလည်း ၂၀၂၅ တွင် ၅၀ ရာခိုင်နှုန်းထက်ကျော် လာမည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ခန့်မှန်းရေးသားထားသည်။ ၂၀၂၁ ၏ တတိယသုံးလပတ်အဆုံးတွင် 5G ဆက်သွယ်ကွန်ရက်တပ်ဆင်ပေးသည့် ကုမ္ပဏီပေါင်း ၁၇၆ အထိတိုးလာပြီး၊ 5G ဆက်သွယ်မှုပမာဏမှာလည်း သန်းပေါင်း ၅၅၀ အထိရှိလာပြီ ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

 

ဆက်သွယ်ရေး ကွန်ရက်ဆိုင်ရာ ထောက်လှမ်းရေးအစီရင်ခံစာ ၂၀၂၀  စစ်တမ်းများအရ တရုတ်နိုင်ငံ၏ စားသုံးသူများအနေနှင့်  အခြားနိုင်ငံ များ ထက် 5G  ကို ကူးပြောင်းမြှင့်တင် ရန် အလွန်စိတ်အားထက်သန်နေကြောင်း ဖော်ပြထားသည်။  


တရုတ်နိုင်ငံတွင် ၂၀၂၀ ခုနှစ်က 5G စမတ်ဖုန်းပေါင်း ၁၆၃ သန်း ရောင်းချရပြီး ကမ္ဘာ့ 5G စမတ်ဖုန်း ရောင်းချမှု၏ ထက်ဝက်ကျော်ရှိသည်။ လာမည့် ၂၀၂၅ တွင် ၄၇ ရာခိုင်နှုန်း သော ဆက်သွယ်ရေးကွန်ရက်သည် 5G ဆက်သွယ်မှုအောက်တွင် ရှိလာ မည်ဖြစ်ကြောင်း၊ လက်ရှိအချိန်ထိ တရုတ်နိုင်ငံတွင် 5G အခြေစိုက် ရုံးပေါင်း ၁ ဒသမ ၁၅ သန်းအထိ တည်ထောင်ခဲ့ကာ ကမ္ဘာ့ 5G အခြေစိုက် ရုံး၏ ၇၀ ရာခိုင်နှုန်းခန့်ဆောက်လုပ် ပြီးစီးနေပြီဖြစ်ကြောင်း တရုတ်စက်မှု နှင့် နည်းပညာအချက်အလက်ဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။


ရဲခေါင် (Ref : DailyMail)






အခြားဆက်စပ်သတင်းများ