နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာကာသရှိ ဥက္ကာခဲကို စမ်းသပ်ဖြိုခွဲမည့် ယာဉ် NASA လွှတ်တင်

ဆန်ဖရန်စစ္စကို    နိုဝင်ဘာ  ၂၆


ကမ္ဘာနှင့်၀င်တိုက်နိုင်သည့် ဘေးအန္တရာယ်ဖြစ်စေသော ဥက္ကာခဲ သို့မဟုတ် ဂြိုဟ်သိမ်ဂြိုဟ်မွှားများကို တိုက်ခိုက်ဖျက်စီးရန် စမ်းသပ် အာကာသယာဉ်တစီးကို လွှတ်တင်လိုက်ကြောင်း နိုဝင်ဘာ ၂၆ ရက်တွင် အတည်ပြုလိုက်သည်။ DART ဟု အမည်ပေးထားသည့် အာကာသယာဉ်သည် ဥက္ကာခဲထံရောက်ရန် ၁၀ လကြာ ခရီးနှင်ရမည်ဖြစ်ပြီး အဆိုပါ DART အာကာသယာဉ်သည် တစ်နာရီလျှင် မိုင် ၁ သောင်း ၅ ထောင်နှုန်းဖြင့် ပျံသန်းမည်ဖြစ်ကြောင်း NASA က ထုတ်ပြန်သည်။ 


စမ်းသပ်ဖျက်စီးမည့် ဥက္ကာခဲသည် ကမ္ဘာကိုအန္တရာယ်ပြုမည့် ဥက္ကာပျံ မဟုတ်သော်လည်း ဂြိုဟ်များ၏ ရွေ့လျားနှုန်းနှင့်ကြိုတင်သိရှိပြီး ကာကွယ်နိုင်မှု များကိုစမ်းသပ်ရန်အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။ 


အဆိုပါ DRAT အာကာသယာဉ်သည် မော်တော်ကားအသေး တစ်စီးရွယ်သာ ရှိပြီး၊ ယင်းအာကာသယာဉ် ဂြိုဟ်နှင့်၀င်ရောက်မတိုက်မီ သက်ရောက်မှုများကို ဗွီဒီယိုမှတ်တမ်းတင်ရန် လက်ဆွဲအိတ်အရွယ်ရှိသည့် အာကာသယာဉ်ငယ်လေး ကိုပါ ပူးတွဲလွှင့်တင်လိုက်မည်ဖြစ်ကြောင်း သိရသည်။ စမ်းသပ်မှုအတွက် အမေရိကန်ဒေါ်လာ သန်း ၃၃၀ ကုန်ကျမည်ဖြစ်သည်။

ရဲခေါင်(ref:AFP)






အခြားဆက်စပ်သတင်းများ