နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မက္ကဆီကို ထီပေါက်ပြီး ဆရာ၊ ဆရာမများ ထွက်ပြေးနေရ

မက္ကစီကိုစီးတီး   နိုဝင်ဘာ  ၂၆


မက္ကဆီကို၊ အော်ကိုဆင်းကို ရွာငယ်ရှိ ကလေးထိန်းကျောင်းသည် ကန်ဒေါ်လာ ၉၅၀၀၀၀ ထီပေါက်ပြီး နောက်ပိုင်း လူဆိုးဂိုဏ်းများ၏ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရ၍ ကျောင်းရှိ ကလေးမိဘများအပါအဝင် ဆရာ၊ ဆရာမများအားလုံး ထွက်ပြေး နေရကြောင်း ယမန်နေ့သတင်းများ တွင် ဖော်ပြသည်။ 


ထီပေါက်စဉ်ကို အစိုးရက သတင်းစာတွင် ဖော်ပြလေ့ရှိပြီးနောက်  ထိုကလေးထိန်းကျောင်း ထီပေါက် ကြောင်းကို သတင်းစာမှတစ်ဆင့် လူဆိုးဂိုဏ်းတစ်ဂိုဏ်းက သိခဲ့ကာ ကလေးထိန်းကျောင်းကို ခြိမ်းခြောက် မှုများ လုပ်ဆောင်နေခြင်းကြောင့် ငွေကြေးထိန်းသိမ်းရေးတွင် ပါဝင်သော မိသားစုဝင်များအနေနှင့် ရွာမှ ထွက်ပြေး တိမ်းရှောင်ကာ ကျောင်းကိုလည်း ခေတ္တပိတ်ထားရကြောင်း သိရသည်။ 


အဆိုပါထီလက်မှတ်သည် အမည် မသိအဖွဲ့အစည်းတစ်ခုက ထီအစောင် ရေ ၅၀၀ ခန့်ကိုဝယ်ကာ နိုင်ငံ တစ်ဝှမ်းရှိ ခက်ခဲသောကျောင်းများနှင့် ကလေးထိန်းကျောင်းများတွင် ထီ လက်မှတ်များ သွားရောက်လှူဒါန်း ခဲ့ရာမှ ကံကောင်းသော ထီလက်မှတ် ဖြစ်သည်။ 


ဒေသခံ အာဏာပိုင်များကို အကြောင်းကြားခဲ့သော်လည်း အဆိုပါ လက်နက်ကိုင်အဖွဲ့သည် ဆက်လက် ခြိမ်းခြောက်နေပါက ယင်းတို့အနေဖြင့် အိမ်ပြန်နိုင်မည် မဟုတ်ကြောင်း အဆိုပါ ကလေးထိန်းကျောင်းတွင် ပါဝင်ပတ်သက်နေသူများက ပြော သည်။                   မျိုးဝင်း (Ref:BBC)






အခြားဆက်စပ်သတင်းများ