နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
YBS ယာဉ်လိုင်းများက ပြည်သူများကို အကောင်းဆုံးဝန်ဆောင်မှုပေးရန် လိုအပ်နေ

ရန်ကုန်၊ နိုဝင်ဘာ ၂၄


ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်    မတီမှ YBS ယာဉ်လိုင်းများ၊ ကုန်တင် ယာဉ်ကြီးများ စနစ်တကျ ပြေးဆွဲရေး၊ ယာဉ်ကြောကျပ်တည်းမှုမဖြစ်စေရေးနှင့် စည်းကမ်းထိန်းသိမ်းရေးညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းကတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာ ခန်းမတွင် ပြုလုပ်သည်။


ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုးက တိုင်းဒေသကြီး အတွင်းအများပြည်သူသယ်ယူပို့ ဆောင် ရေးအတွက် အဓိကအရေးပါသည့် ဘတ်စ် ကားလိုင်းများက အများပြည်သူလွယ်ကူစွာအသုံးပြုနိုင်ရန်နှင့် အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ရန်လိုအပ်ကြောင်း၊             ယာဉ်စည်းကမ်း၊  လမ်းစည်းကမ်း လိုက်နာမှုတိုးတက်စေရန် ရည်ရွယ်ပြီး ယခုညှိနှိုင်းအစည်းအဝေး ပြုလုပ်ရခြင်း ဖြစ်ကြောင်းပြောကြားသည်။


ထို့နောက်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်        မတီဝင် ဦးခင်မောင်ထွေးက ရန်ကုန် တိုင်းဒေသကြီးအတွင်း YBS ခရီးသည် တင် ယာဉ်လိုင်းပေါင်း ၁၀၃  လိုင်းမှ လမ်းကြောင်း ၁၃၆ ခု ပြေးဆွဲနေသည့် လမ်းကြောင်းများ၊   ကုန်တင်ယာဉ် ကြီးများ၊ ကုန်သေတ္တာယာဉ်ကြီးများပြေးဆွဲနေသည့် လမ်းကြောင်းများ၊ ရှိပြီး ယာဉ်ရပ်နားဝင်းနှင့် ထပ်မံတိုးချဲ့ ရန်လိုသည့် ယာဉ်ရပ်နားဝင်းအခြေ အနေများနှင့် ယာဉ်ကြောကျပ်တည်း ပိတ်ဆို့လေ့ရှိသည့်   နေရာများကို ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြ ချက်များအပေါ်တိုင်းဒေသကြီး ပုဂ္ဂလိ က သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးချစ်ကိုကိုက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။


ဆက်လက်၍တိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးများ ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူ များက ယာဉ်ကြောပိတ်ဆို့ မှုနှင့် ဖြစ်ပွားရသည့်အကြောင်းရင်း၊ ဂိတ် ရင်းဂိတ်ဖျားများတွင် ယာဉ်ရပ်နားကွင်း နေရာသတ်မှတ်ပေးရန်နှင့် ယာဉ်ကြော ကျပ်တည်းမှုဖြေရှင်းရန်နည်းလမ်းများ၊ယာဉ် စည်းကမ်းထိန်းသိမ်းမှုအခြေအနေ များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြ ကြသည်။


ယင်းနောက်   ဝန်ကြီးချုပ်က ယာဉ်ကြောကျပ်တည်းမှုကိုဖြေရှင်း နိုင်ရန် အစီအစဉ်များ ၊ ယာဉ်စီးခပိုမို တောင်းခံနေမှုများကို   ဖြေရှင်းရန် Yangon Payment Services ကို အမြန်အကောင်အထည်ဖော်ဆောင် ရွက် ရန်နှင့် အနာဂတ်ရန်ကုန်မြို့တော် တွင်ယာဉ်ကြောကျပ်တည်းမှု  လျော့ နည်းလာစေရန် ၊ ကုန်တင်ကားကြီးများ နှင့် ကွန်တိန်နာကားကြီးများအတွက် ယာဉ်ရပ်နားဝင်းများကို    မြို့တော် ဆင်ခြေဖုန်းဒေသများတွင် ပြောင်းရွှေ့ ထားရှိမည့်အစီအစဉ်များကို မှာကြား ပြီးလိုအပ်သည်များကို ဌာနဆိုင်ရာများ နှင့် ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။        ဆန်းကျော်ဦး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ