နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်တွင်အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲကျင်းပ

ရန်ကုန် နိုဝင်ဘာ ၂၄


လေးဆူဓာတ်ပုံ ရွှေတိဂုံ စေတီတော်မြတ်ကြီး ရင်ပြင် တော်ချမ်းသာကြီးတန်ဆောင်း တွင် ယနေ့နံနက်ပိုင်း၌ အသံ မစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော် ပွဲ ဖွင့်ပွဲအခမ်းအနားကိုကျင်းပ ရာ ဆရာတော်၊ သံဃာတော် များကိုရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန် တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး များ၊ ရွှေတိဂုံစေတီတော်ဘဏ္ဍာ တော်ထိန်းဂေါပက အဖွဲ့ဝင်များ နှင့် ဧည့်ပရိသတ်များကြွရောက် ကြည်ညိုကြသည်။


ထို့နောက် သာကေတ မြို့နယ် တိပိဋကာလင်္ကာရ ကျောင်း ဦးစီးပဓာန နာယက ရန်ကုန်တိုင်းဒေသကြီးသံဃ နာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် အဂ္ဂမဟာပဏ္ဏိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ အဂ္ဂသာမိ အရှင်သူမြတ်ထံမှ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဧည့် ပရိသတ်များကငါးပါးသီလ ကို ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ကို လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။


ဆက်လက်၍ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်ဧည့်ပရိသတ်များ က ဗဟန်းမြို့နယ် ပါဠိ တက္ကသိုလ် ညောင်တုန်း ကျောင်းတိုက် နိုင်ငံတော်ဗဟို သံဃဝန်ဆောင် တိပိဋက သြဝါဒါစရိယ အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတ ဘဒ္ဒန္တနာရဒါဘိဝံသ (လှရတနာ ဆရာတော်)အရှင်သူမြတ်ထံ သြဝါဒခံယူကြသည်။


ယင်းနောက် ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိ သတ်များက မဟာပဌာန်း ပါဠိတော်ကို စုပေါင်းသံပြိုင် ရွတ်ဆို ပူဇော်ကြပြီးအလှည့် ကျ ပဌာနဘာဏက သံဃာ တော်က မဟာပဌာန်း ပါဠိတော် ကို ဆက်လက် ရွတ်ဆိုပူဇော် သည်။ 


အသံမစဲမဟာပဌာန်းရွတ် ဖတ်ပူဇော်ခြင်းကို နိုဝင်ဘာ ၂၈ ရက်အထိ ငါးရက်ကြာ ရွတ်ဖတ်ပူဇော်မည်ဖြစ်ကြောင်း သိရသည်။  

ဆန်းကျော်ဦး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ