နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အခြေခံစက်ချုပ်သင်တန်းနှင့် အဆင့်မြင့်စက်ချုပ်သင်တန်းများ ဖွင့်လှစ်သင်ကြားနေမှုများ ညွှန်ကြားရေးမှူးချုပ်ကြည့်ရှုစစ်ဆေး

နေပြည်တော် နိုဝင်ဘာ ၂၄


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေး မှူး ဦးမျိုးမျိုးသည် နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦစီးဌာနများက အခြေခံစက်ချုပ်သင်တန်းနှင့် အဆင့် မြင့် စက်ချုပ်သင်တန်းများ ဖွင့်လှစ်ထား ရှိသည့် ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်၊ ကြို့ပင်(အလယ်)ကျေးရွာတွင် အဆင့် မြင့် စက်ချုပ်သင်တန်း၊ လယ်ဝေးမြို့ နယ်၊ ဝက်ကမူကျေးရွာတွင် အဆင့်မြင့် စက်ချုပ်သင်တန်းနှင့် ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ်၊ လော(တောင်)ကျေးရွာ တွင် အခြေခံစက်ချုပ်သင်တန်း များသို့ လိုက်လံကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူးများက စာတွေ့လက်တွေ့ သင်တန်းပို့ချနေမှုများအား လိုက်လံ ရှင်းလင်းပြသသည့်အပေါ်  ညွှန်ကြားရေး မှုး ဦးမျိုးမျိုးက ပို့ချပေးသည့် သင်ခန်းစာ များအား စိတ်ဝင်စားစွာဖြင့် သင်တန်း ချိန်အပည့် တက်ရောက်သင်ယူကြပြီး သင်တန်းစည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာကာ မိသားစုအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရှားပေးနိုင် သည်အထိ ကြိုးစားသင်ယူသွားကြစေ ရေးတို့ကို သင်တန်းသား၊ သင်တန်းသူ များအား မှာကြားပြီး သင်ထောက်ကူပြု ပစ္စည်းများကို ပေးအပ်သည်။


အဆိုပါ    သင်တန်းများကို ကျေးလက်နေပြည်သူများ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေး ကျေးလက်နေ ပြည်သူများ စွမ်းဆောင်ရည်မြင့်မားလာ စေရေးနှင့် အသက်မွေဝမ်းကျောင်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေ ရေးတို့အား ရည်ရွယ်ပြီး ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်းနှင့် သင်တန်းများသို့ သင်တန်းသား၊ သင်တန်းသူ ၆၀ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ နိုဝင်ဘာ ၂၂ ရက်မှ ဒီဇင်ဘာ ၂၀ ရက်ထိ ဖွင့်လှစ်ပိုချပေးသွားမည်ဖြစ်ကြောင်း  သိရသည်။                                   (၀၀၇)






အခြားဆက်စပ်သတင်းများ