နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခနောင်တံတားအဆင်းကားမီးလောင်မှုဖြစ်ပွား

ကျိုက်လတ်၊ နိုဝင်ဘာ ၂၄


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ခနောင်ကျေးရွာ အုပ်စု၊ ကျိုက်လတ်-ဖျာပုံကားလမ်း ဘေးမိုင်တိုင်အမှတ် KM-37/38 ကြား ခနောင်တံတားအဆင်းတွင် နိုဝင်ဘာ ၂၂ ရက် နေ့လယ် ၂ နာရီ ၁၀ မိနစ် အချိန်ခန့်က ကားတစ်စီးမီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ကားမီးလောင်မှုကို တာဝန် သိပြည်သူတစ်ဦး၏ ဖုန်းဖြင့်သတင်း ပေးပို့မှုကြောင့် မြို့နယ်မီးသတ်စခန်း မှဒု-မီးသတ် ဦးစီးမှူးဦးဇေယျာမင်း ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် ၁+၉၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၅ ဦး၊ မီးငြှိမ်း သတ်ယာဉ် ၂ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နေ့လယ် ၂ နာရီ ၃၂ မိနစ်အချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ 


အဆိုပါ ကားမီးလောင်ရခြင်းမှာ ဖျာပုံမှ ကျိုက်လတ်ဘက်သို့ ဦးတည် မောင်းနှင်လာသော (BB-7491) pro-box အဖြူရောင်မော်တော်ယာဉ်သည် မိုင်တိုင်အမှတ် KM-37/38 ကြား အရောက်တွင် ညာအရှေ့ဘက်ဘီး ပြုတ်ထွက်၍ လမ်းဖြင့်ပွတ်တိုက် မိရာမှ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး၊ မီးလောင်ကျွမ်းမှုကြောင့် ကားအစိတ် အပိုင်းများ ပျက်ဆီးဆုံးရှုံးမှုတန်ဖိုး (၁၈၀၀၀၀ဝိ/)ကျပ်ဖြစ်ပြီး၊ မီးလောင် မှုတရားခံ(စုံစမ်းဆဲ)၊ ကျိုက်လတ်မြို့မ ရဲစခန်းမှ ပုဒ်မ (၂၇၉/၂၈၅) ပ (၁၅၄/ ၂၀၂၁)ဖြင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။မြို့နယ် (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ