နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့နယ်မြစိမ်းရောင် ကျေးလက်စီမံကိန်းလုပ်ငန်း ဆောင်ရွက်မှုများ

လားရှိုး နိုဝင်ဘာ ၂၄ 


ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက သဘာဝ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ရှိပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်သော အစိမ်းရောင် ကျေးလက်ဒေသ ဖွံ့ဖြိုး ရေး စံပြကျေးရွာများ ပေါ်ထွက်လာ စေရန်အတွက် စံပြကျေးရွာရွေးချယ် နိုင်ရေး စစ်တမ်းကောက်ယူခြင်းကို နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းက ညောင်ပင်သာကျေးရွာနှင့် ဟိုပိတ်ကြီး ကျေးရွာတို့တွင် ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။


ထိုသို့စစ်တမ်း ကောက်ယူရာတွင် မြို့နယ်ဦးစီးမှူး ဦးတင်အောင်လွင်  နှင့်တာဝန်ရှိသူများက  အဆိုပါ ကျေးရွာ (၂)ရွာရှိ ကျေးရွာသူ/ သားများ နှင့်တွေ့ဆုံကာ  အစိမ်းရောင်ကျေး လက်ဒေသဖွံ့ဖြိုးရေး  စံပြကျေးရွာ ရွေးချယ်နိုင်ရန် ဆန်းစစ်အမှတ်ပေး ခြင်းစနစ်များနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားပြီး ကျေးရွာတွင် စွန့်ပစ် အမှိုက် စီမံခန့်ခွဲမှုစနစ်ဆောင်ရွက် ထားရှိမှု၊ ကောင်းမွန်သည့်စိုက်ပျိုရေး၊ မွေးမြူရေး အလေ့အကျင့်ကောင်း များ ကျင့်သုံးထားမှု၊ သဘာဝပတ်ဝန်းကျင် နှင့်သဟဇာတဖြစ်သည့် အခြေခံ အဆောက်အအုံများတည်ဆောက် ထားရှိမှုအခြေအနေများကိုသတ်မှတ် ထားသည့် စည်းကမ်းချက်များနှင့် ကိုက်ညီမှုရှိ၊ မရှိ မြေပြင်လှည့် လည်ကြည့်ရှု၍ ကွင်းဆင်းစစ်တမ်းကောက်ယူခဲ့ကြကြောင်း သိရသည်။            


 ချိုသန်းညွန့် (ကျေးလက်)






အခြားဆက်စပ်သတင်းများ