နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တင်ဒါရကုမ္ပဏီများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မကွေး နိုဝင်ဘာ ၂၄


မကွေးခရိုင်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးလက် ရေပေးရေးနှင့်ကုန်ထုတ်လမ်းတံတားလုပ်ငန်းများ ၂၀၂၁ -၂၀၂၂ ဘဏ္ဍာရေးနှစ် ခြောက်လဘတ်ဂျက်အတွက် ပထမ အကြိမ် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများ၊ မြို့နယ်ဦးစီးမှူးများ၊တာဝန်ခံ အင်ဂျင်နီယာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၂၂ ရက် နံနက် ၉ နာရီက ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 


အစည်းအဝေးတွင် မကွေးခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက် ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဇောဟိန်းက တင်ဒါအောင်မြင် သည့်ကုမ္ပဏီများအနေဖြင့်သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ၊ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ကြရန်၊  အချိန်နှင့် တစ်ပြေးညီ တင်ပြသွားရန်၊ အခက်အခဲများရှိပါက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။                                                              

    ကျော်ဆန်း






အခြားဆက်စပ်သတင်းများ