နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန် ခရစ်စမတ်ကြိုပွဲတွင် ၅ ဦးသေ၊ ၄၀ ကျော် ဒဏ်ရာရ

ဝါရှင်တန်   နိုဝင်ဘာ  ၂၄


အမေရိကန် နိုင်ငံ၊ Wisconsin ပြည်နယ် ဝါကရှားမြို့ Waukesha တွင် နိုဝင်ဘာ ၂၃ ရက် နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည့် ခရစ္စမတ်လှည့်လည်ပွဲကို ကားနှင့် ဝင်တိုက်ခဲ့ခြင်းကြောင့်  လူငါးဦးသေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရှိသွားကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ 


ယင်းဖြစ်ရပ်သည် အကြမ်းဖက်ဝါဒနှင့် ဆက်စပ်မှုရှိ၊ မရှိ မသိရသေးသော်လည်း နောက်ထပ် တိုက်ခိုက်မှုများကိုမူ ထပ်မတွေ့တော့ကြောင်း ရဲတပ်ဖွဲ့အကြီးအကဲ Dan Thompson က ပြောသည်။ SUV အမျိုးအစား ကားတစီးက ခန့်မှန်းတစ်နာရီ ၆၅ ကီလိုနှုန်းနှင့် လူအုပ်ထဲသို့ ဝင်မောင်းတိုက်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တစ်ဦးက ပြောထားသည်။ 


လက်ရှိတွင် အဆိုပါပြည်နယ်ရှိ စာသင်ကျောင်းများကို ပိတ်ထားကြောင်း သိရသည်။ 

ရဲခေါင် (ref:AFP)






အခြားဆက်စပ်သတင်းများ