နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမျိုးသားစာပေဆုရှင်တို့၏ ရင်တွင်းစကားများ ဒေါက်တာ ဦးလှကြည် (ကလေးကျန်းမာရေး) သုတပဒေသာ (အသုံးချသိပ္ပံ)

"ကလေးကျန်းမာဖွံ့ဖြိုးရေး၊ နိုင်ငံတိုးတက် မှုနှင့် ခဲဆိပ်အန္တရာယ်" ပေါ့ မနှစ်ကလည်းစာမူ အမည် "ကင်ဆာရောဂါနှင့် မြန်မာ့အစားအစာ" နဲ့ အမျိုးသားစာပေဆုရရှိခဲ့ပါတယ်။ နှစ်နှစ် ဆက်တိုက် ဆုရရှိခဲ့တာဆိုတော့ ဒီလိုမျှော်လင့် မထားပါဘူး။ ဒီလိုကြီး ဆက်တိုက်တစ်ခါမှ ရဖူးတဲ့လူလည်းမရှိဘူးဆိုတော့ ကျေနပ်တာပေါ့ နော်၊ ပိုအားထုတ်ရတာပေါ့နော်၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလက ထွက်တာပါ၊ ခုတစ်ကြိမ်ကတော့ ကလေးကျန်းမာရေးဖြစ်တဲ့အတွက် ဒေါက်တာ ဦးလှကြည် (ကလေးကျန်းမာရေး)ဆိုပြီး ကလောင်နာမည်ပေးထားပြီး မနှစ်ကတော့ ဂုဏ်ထူးအနေနဲ့ အာဟာရဆရာဝန်ကြီးဆိုပြီး ကလောင်နာမည်ပေးထားတယ်၊ ဆိုလိုတာ ကတော့ ရေးတဲ့စာဘာသာရပ်နဲ့ ဆရာတာဝန် ထမ်းဆောင်ခဲ့တုန်းက လုပ်ခဲ့တဲ့အလုပ်တွေနဲ့ ကိုက်ညီအောင်ဆိုပြီး ရေးသားတာပါ၊ အဲ့တော့ ခဲဆိပ်အန္တရာယ်က ဆရာတို့ ၁၉၈၀ ပြည့်နှစ် လောက်တုန်းက ရန်ကုန်ကလေးဆေးရုံကြီးမှာ  တာဝန်ထမ်းဆောင်တုန်းက ဘက်ထရီပြင်တဲ့ အိမ်တွေကခဲတွေကို အရည်ကြိုတာဆိုတော့ ကလေးတွေက အဲဒီအငွေ့တွေကို ရှူမိရာက တက်ပြီး ဆေးရုံကိုရောက်လာပါတယ်၊ ဒါကအနည်း အကျဉ်းပေါ့၊ ဒီထက်ဆိုးတာက ဒီကလေးတွေ ဟာ ကလေးဘဝအရွယ်မှာ ဉာဏ်ရည်နိမ့်မှုတွေ ဖြစ်တယ်၊ လူငယ်၊ လူလတ်အရွယ်မှာ လေလွင့် ပြီး အိမ်ကထွက်ပြေးတယ်၊ အသက်ကြီးရင် ရာဇဝတ်မှုတွေ ဖြစ်လာတယ်၊ အဲဒီကနေ တစ်ဆင့် တစ်တိုင်းပြည်လုံး ခဲဆိပ်သင့်ရင်း ကလေးတွေအားလုံ ဉာဏ်ရည်နိမ့်ပြီး တိုင်းပြည် တိုးတက်ရေးလည်း ထိခိုက်တယ်၊ ဒါကြောင့်မို့ ဆရာစာအုပ်ကို ကလေးကျန်းမာရေးရော နိုင်ငံ တိုးတက်မှုရော ခဲဆိပ်အန္တရာယ်ပါဆိုပြီး နာမည် အရှည်ကြီးပေးတာပါ၊ ကလေးတစ်ယောက်ချင်း အတွက် မဟုတ်ဘဲ တစ်နိုင်ငံလုံးအတွက် ပြော တာပါ၊ ဒီအန္တရယ်က တစ်ကမ္ဘာလုံးမှာရှိတယ်၊ ခု‌လေကြောင်းခရီးစဉ်တွေ ဘာတွေနဲ့ဆိုတော့ ခဲဆိပ်က တစ်ကမ္ဘာ့လုံးမှာ ပျံ့နေတာပါ၊ လူတွေ အဆက်အသွယ်ကောင်းလေ ခဲဆိပ်က တစ်ကမ္ဘာလုံးမှာ ပျံ့လေပဲပေါ့၊ မြန်မာနိုင်ငံမှာ ခဲဆိပ်မရှိပါဘူး၊ ရှိရင်လည်း အဲလောက် မဟုတ်ပါဘူးဆိုပြီးပြောရင် အဲ့ဒီလူဟာ မသိ နားမလည်လို့ပြောတာပါ၊ ကိုယ်ဘယ်လောက်  ဖြစ်နေလဲဆိုတာကို မလေ့လာ မစူးစမ်းဘဲပြော နေတာပါ၊ တကယ်လေ့လာစူးစမ်းရင်ရှိတယ်၊ သူများနိုင်ငံတွေဖြစ်တဲ့ အာရှဒေသမှာ နိုင်ငံ ငါးနိုင်ငံလောက်ပေါင်းပြီး လုပ်နေကြတာရှိ တယ်၊ ဥရောပ ဒေသမှာရော ဒီအတိုင်းပဲ အမေရိကမှာဆိုရင်လည်း နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်ကြတာရှိတယ်၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့နဲ့ပေါင်းပြီး တိုက်ဖျက်နေတာ ရှိတယ်၊ အဲတော့ ကလေးတွေအသက်ကိုလည်း ကယ်တယ်၊ နိုင်ငံကိုလည်း တိုးတက်အောင်  လုပ်တယ်၊ မြန်မာပြည်မှာဆိုရင် ဘယ်လိုနေရာ  တွေမှာရှိလဲဆိုတော့ နံပါတ်(၁)အနေနဲ့ ပြောရရင် အိမ်သုတ်ဆေးဖြစ်တဲ့ သင်္ဘောဆေးထဲမှာပါ တယ်၊ ဩစတြေးလျမှာဆိုရင် အိမ်သုတ်ဆေး ထဲမှာ ခဲဆိပ်မပါရဘူးဆိုပြီး ဥပဒေပြဋ္ဌာန်းထား တယ်၊ မြန်မာပြည်မှာ ခုထိမသိကြဘူး၊ ဆရာ့ အိမ်မှာ ဆေးလာသုတ်တဲ့သူတွေကို မေးတယ်၊ အဲဒီထဲမှာ ခဲပါတာသိလားဆိုတော့ မသိကြ  ဘူးတဲ့၊ ဆိုင်မှာ သင်္ဘောဆေးသွားဝယ်တော့ လည်း ရောင်းတဲ့သူကိုမေးတယ်၊ သိလားဆို တော့ မသိဘူးတဲ့၊ သင်္ဘောဆေးထဲမှာ ခဲပါတယ်၊ အဲတော့ သင်္ဘောဆေးသုတ်ပြီးသားကို အသစ် ပြန်သုတ်တဲ့အခါမှာ ဆေးဟောင်းကို ချွတ်ရ တယ်၊ အဲလိုချွတ်တဲ့အခါ အမှုန်တွေကျတယ်၊ အဲဒီအမှုန်တွေကတစ်ဆင့် ခဲဆိပ်တက်တယ်၊ ဒါကြောင့် ချွတ်တဲ့အခါမှာ နှာခေါင်းစည်းတပ်ရ မယ်၊ အနီးအနားမှာ ကလေးတွေ မဆော့အောင် လုပ်ရမယ် ဆရာတို့ဆီမှာ အိုးပုတ်၊ ဂျိုးရုပ်၊ ပစ်တိုင်းထောင်ရုပ်တွေမှာ ဆေးခြယ်တယ်၊အဲဒါ တွေအားလုံးမှာ ခဲပါတယ်၊ ကလေးသဘာဝ  ပါးစပ်နဲ့ ကိုက်တာဆိုတော့ အဲဒီကနေ ခဲဆိပ် သင့်တယ်၊ နောက်ပြီး စဉ့်ထဲမှာခဲပါတယ်၊ စဉ့်အိုး ကြီးတွေထဲမှာ ရေထည့်ရင် ဘာမှမဖြစ်ပါဘူး၊ အလှူလုပ်လို့ဆိုပြီး အဲဒီအိုးထဲ သံပရာရည်ဖျော် ထည့်လိုက်တော့ အဲ့ထဲ ခဲတွေပျံကုန်ပြီး ခဲဆိပ် သင့်တာပေါ့၊ စဉ့်အိုးထဲရေထည့်လို့ရတယ်၊ အလှပန်းအိုးလုပ်လို့ရတယ်၊ နောက်ပြီးခဲသမင် ထည့်တယ်ဆိုတာရှိတယ်၊ ငါးထဲနဲ့ပုစွန်ခေါင်း တွေထဲ ခဲထည့်တယ်၊ အလေးချိန်တိုးအောင် ပေါ့၊ အဲ့ဒါက အလေးခိုးရုံမကဘူး၊ လူသေမှု ဖြစ်တယ်၊ အပြစ်ကြီးတယ်၊ ထပ်ရှိသေးတယ်၊ နနွင်းမှုန့်ထဲ ခဲမှုန့်တွေရောတယ် ဆိုတော့ ကြောက်စရာကြီးပါ၊ အဲ့တော့ ဆရာတို့အတွက် သင်္ဘောဆေး၊ ကလေးကစားစရာနဲ့ စဉ့်အိုး တွေမှာ ခဲရှိတယ်ဆိုတာကို လူတွေသိစေချင် ပါတယ်၊ ခဲဆိပ်က အန္တရာယ်ရှိတယ်၊ မြန်မာ ပြည်ရဲ့ ဘယ်နေရာမှာနေနေ ဘယ်မြို့မှာနေနေ ကလေးတွေအတွက်ရော မိသားစုတစ်စုလုံး အတွက်ပါ အထူးအန္တရာယ်ရှိတယ်၊ ဒါကြောင့် ဂရုစိုက်သင့်ပါတယ်"ဟု ပြောကြားသည်။‌


ဒေါက်တာသည် ပဲခူးတိုင်း၊ ကဝမြို့နယ်၊ ဖလေးကျေးရွာတွင် အဘ ဦးအုန်းကြွယ်၊ အမိ ဒေါ်သိန်းကြည်တို့မှ ၁၉၄၆ ခုနှစ်၊ သြဂုတ်၂၆ ရက်တွင် မွေးဖွားသည်။ ၁၉၆၃ ခုနှစ်တွင် ပဲခူးမြို့ အထူးသဒ္ဒါသင်ကျောင်းမှ တက္ကသိုလ်ဝင်တန်း ကို အောင်မြင်ခဲ့သည်။ 


၁၉၇၀ ပြည့်နှစ်တွင် ရန်ကုန်မြို့ ဆေးတက္ကသိုလ်(၁)မှ ဆေးပညာ(M.B.B.S)ဘွဲ့ကို ရရှိခဲ့သည်။ ၁၉၈၀ ပြည့်နှစ်တွင် ရန်ကုန်မြို့ ဆေးတက္ကသိုလ်(၁)မှ ကလေးကျန်းမာရေး ပညာဒီပလိုမာ(Diploma in Child Health-DCH) ဘွဲ့ကိုရရှိခဲ့သည်။  ၁၉၈၈ ခုနှစ် အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊  လော့စ်အိန်ဂျယ်လိစ်တက္ကသိုလ် (University of California Los Angeles-UCAL)မှ ပြည်သူ့ ကျန်းမာရေးဆိုင်ရာ မဟာသိပ္ပံ-အာဟာရ (Master Public Health-MPH)ဘွဲ့ကို ရရှိခဲ့ သည်။ ၁၉၇၂ ခုနှစ်မှ ၁၉၇၅ ခုနှစ်ထိ တပ်မတော် (ကြည်း) ဆေးဝန်ထမ်းတပ်ဖွဲ့တွင် ပြည်သူ့  ကျန်းမာရေးဆေးမှူး (ဗိုလ်/ဗိုလ်ကြီး)အဆင့် ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၇၅ ခုနှစ်မှ ၂၀ဝ၆ ခုနှစ်ထိ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေး ဦးစီးဌာနတွင် တာဝန်ထမ်းဆောင် ခဲ့ရာ လက်ထောက်ဆရာဝန်၊ တိုက်နယ်ဆရာဝန်၊  ကျောင်းကျန်းမာရေးဆရာဝန်၊ ဒုတိယတိုင်း ကျန်းမာရေးဦးစီးဌာနမှူး၊ လက်ထောက်ညွှန်ကြား ရေးမှူး(အာဟာရ)၊ ဒုတိယညွှန်ကြားရေးမှူး (အာဟာရ) ရာထူးများကို ထမ်းဆောင်ခဲ့ပြီး ၂၀ဝ၆ ခုနှစ်တွင် သက်ပြည့်အငြိမ်းစားယူခဲ့ သည်။ ၂၀ဝ၆ ခုနှစ်မှ ၂၀ဝ၈ ခုနှစ်အထိ ရန်ကုန် မြို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF)ရုံးတွင် အမျိုးသားအာဟာရ ကျွမ်းကျင်သူ အရာရှိအဖြစ် လည်းကောင်း၊ ၂၀ဝ၈ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ အာဟာရအတိုင်ပင်ခံ အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ အာဟာရ၊ ကလေးကျန်းမာရေးနှင့် ပြည်သူ့ ကျန်းမာရေးဆိုင်ရာ ဆောင်းပါးများ၊ စာအုပ်များ ရေးသားခဲ့သည်။   အောင်မြင့်ဌေး (မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ