နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကင်းမြို့နယ်၌မီးလောင်မှုဖြစ်ပွား

ရန်ကုန်၊  နိုဝင်ဘာ  ၄


ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ နိုဝင်ဘာ ၂ ရက်၊ ည ၂၃ နာရီ ၄၅ မိနစ်ခန့်က အမှတ် (၁၂) ရပ်ကွက် ကံဘဲ့ ဘူတာရုံလမ်း၊ အမှတ်၃၆/ ဘီရှိဖိနပ်စက်ရုံတွင်(ရာဘာများထားရှိသောဂိုဒေါင်)  မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရန်ကင်းမြို့နယ်နှင့်တောင်ဥက္ကလာပမြို့နယ်တို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်အင်အား (၈၅) ဦး၊   အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၅) ဦး၊ ရန်ကင်း၊ တာမွေ၊ တောင်ဥက္ကလာပမြို့နယ်တို့မှ မီးငြိမ်းသတ်ယာဉ် (၁၀) စီး၊ အုပ်ချုပ်မှုယာဉ် (၁) စီး၊    ရေသယ်ယာဉ် (၃) စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ၂၄ နာရီတွင် မီးညွှန့်ကျိုးထိန်းသိန်းနိုင်ခဲ့ပြီး နိုဝင်ဘာ ၃ ရက်၊ နံနက် ၅ နာရီတွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။


 မီးလောင်မှုဖြစ်စဉ်မှာ အလုပ်ရုံဝန်ထမ်းနှစ်ဦး ဂိုဒေါင်အတွင်းဝင်ရောက်၍  သန့်ရှင်းရေးပြုလုပ်စဉ် သောက်လက်စ ဆေးပေါ့လိပ်မီးကျန်ရှိခဲ့ရာမှ ရာဘာပစ္စည်းများကိုမီးကူးစက်စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် လူထိခိုက် ဒဏ်ရာမရှိကြောင်းနှင့် ဆုံးရှုံးမှုတန်ဖိုးမှာ သုံးသိန်းခန့်ဖြစ်ပြီး မီးလောင်မှုနှင့်ပတ်သက်၍တာဝန်ရှိသူ ဖိနပ်စက်ရုံတာဝန်ခံ ဦးကိုမင်းသူအား ရန်ကင်း မြို့မရဲစခန်း မှ(ပ) ၁၈၈/၂၀၂၁၊ရာဇသတ်ကြီးဥပဒေပုဒ်မ-၂၈၅ဖြင့်အမှုဖွင့် အရေးယူဆောင်ရွက်လျက် ရှိကြောင်းသိရသည်။                                                                                                                  

 မြို့နယ်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ