နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုင်းယောင်း၌ ကုန်တင်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား လူတစ်ဦးသေဆုံး

မိုင်းယောင်း၊  နိုဝင်ဘာ ၄


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊  တာချီ လိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် နိုဝင်ဘာ ၂ ရက်က ကုန်တင်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားကာ လူတစ်ဦးသေ ဆုံးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။


ဖြစ်စဉ်မှာ မိုင်းယောင်းမြို့ အမှတ် (၂) ရပ်ကွက်နေ အိုက်လီ ၃၁ နှစ် မောင်းနှင်သော  ကုန်တင်ယာဉ်သည် လောင်စာဆီနှင့် စားသောက်ကုန်ပစ္စည်း များ တင်ဆောင်၍ မိုင်းဖြတ်မှ  မိုင်း ယောင်းသို့   ပြန်လာစဉ်   မုန်းလိုက် ကျေးရွာအုပ်စု၊ ဝမ်ဖကျေးရွာတောင်အ ဆင်း ကားလမ်းမဘေး  ယာဘက် တောင်နံရံနှင့် ပွတ်တိုက်မိပြီး မီးလောင် ကျွမ်းခဲ့ရာ  မီးသတ်ယာဉ်တစ်စီးဖြင့် မီးငြှိမ်းသတ်ခဲ့ပြီး ယာဉ်မောင်းသူသည် ယာဉ်မောင်းထိုင်ခုံနေရာ၌ပင် မီးလောင် ကျွမ်းသေဆုံးခဲ့ကြောင်း သိရသည်။


အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မိုင်းယောင်း မြို့မရဲစခန်းက (ပ)၁၉/ ၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/ ၃၀၄-က/ ၂၈၅ ဖြင့် ရေးဖွင့်ကာ အမှုအားစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း






အခြားဆက်စပ်သတင်းများ