နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျေးရွာအုပ်ချုပ်ရေးမှူးအား အကြမ်းဖက်သမားများက အကြောင်းမဲ့ပစ်ခတ်

နေပြည်တော်၊  နိုဝင်ဘာ  ၄


မန္တလေးတိုင်းဒေသကြီး၊ ကျောက် ဆည်မြို့နယ်၊ သင်ပျိုကျေးရွာ ကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမြင့်သိန်းဌေး (ဘ) ဦးကျော်ညွန့်သည် တာဝန်ရှိသူများ နှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအ တွင်း၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့် ပွားမှုအား ကာကွယ်၊ ထိန်းချုပ်ရေး   လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အသံချဲ့စက်ဖြင့် ပညာပေးနှိုးဆော်ခြင်း များ ဆောင်ရွက်နေစဉ် နိုဝင်ဘာ ၁ ရက်၊ ညနေ ၆ နာရီခွဲခန့်တွင် တည်ငြိမ်အေး ချမ်းမှုကို     မလိုလားသည့် အဖျက် အမှောင့်လုပ်ငန်းများ ဆောင်ရွက်နေ သည့် အကြမ်းဖက်အမျိုးသားနှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး ဦးမြင့်သိန်းဌေးကို ပစ္စတိုသေနတ်ဖြင့် ငါးချက်ခန့်ပစ်ခတ် ထွက်ပြေးသွားခဲ့ သည်။


အဆိုပါ       ပစ်ခတ်မှုကြောင့် ဦးမြင့်သိန်းဌေးတွင် ဝဲရင်ဘတ်၊ ဝမ်းဗိုက် နှင့် ဝဲနံစောင်းတို့တွင် ကျည်ထိမှန်ဒဏ် ရာများရရှိခဲသဖြင့် ကျောက်ဆည်မြို့ ပြည်သူ့ဆေးရုံသို့ပိုဆောင်ခဲ့ရာ ည ၈ နာရီခန့်တွင် ရရှိဒဏ်ရာများဖြင့်သေဆုံး ခဲ့ကြောင်း သိရသည်။                ဆွေဦး






အခြားဆက်စပ်သတင်းများ