နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပညာသင်ကြားနေမှုကို အထိတ်တလန့်ဖြစ်စေရန်ရည်ရွယ်၍ အကြမ်းဖက်သမားများက စာသင်ကျောင်းများအား မီးရှို့ဖျက်ဆီး၊ မိုင်းထောင်ဖောက်ခွဲ

နေပြည်တော်၊  နိုဝင်ဘာ ၄


အကြမ်းဖက်အဖွဲ့အစည်းများဖြစ် သည့် CRPH ၊ NUG နှင့် PDF အကြမ်း ဖက်သမားများသည် တိုင်းပြည်တည် ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှု ကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် အချို့ဒေသများတွင် လက်နက်ကိုင် တိုက်ခိုက်မှုများ၊ လမ်း၊ တံတားဖောက် ခွဲဖျက်ဆီးမှုများအပြင် အများပြည်သူ နေထိုင်လျက်ရှိသော နေအိမ်များ၊ နိုင်ငံ တော်နှင့် ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံ များအား မီးရှို့ဖျက်ဆီးဖောက်ခွဲတိုက် ခိုက်ခြင်းများ   လုပ်ဆောင်လျက်ရှိရာ ယခုအခါ  အခြေခံပညာကျောင်းများပြန် လည်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်း သူများ စိတ်အေးချမ်းသာစွာ ပညာသင် ကြားနေမှုများအပေါ် ယုတ်မာပက်စက် သိမ်ဖျင်းသေးနုတ်သော   အကြံဖြင့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘ ပြည်သူများ အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်၍ စာသင်ကျောင်းများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်ထောင်ဖောက်ခွဲ ခြင်းများကို ဦးတည်လုပ်ဆောင်လာ ကြောင်း တွေ့ရှိရသည်။


ထိုသို့လုပ်ဆောင်လျက်ရှိရာ ဧရာ ဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ဖိုးကြာကုန်းကျေးရွာရှိ မူလွန်စာသင် ကျောင်းအား နိုဝင်ဘာ ၃ ရက်၊ နံနက် ၆ နာရီခန့်တွင် အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့ရာ မီးလောင်မှုကြောင့် အဆိုပါကျောင်းရှိ စာသင်ခန်းနှစ်ခန်း မီး လောင်ပျက်စီးသွားခဲ့ကြောင်း သိရှိရ သည်။


အလားတူ နိုဝင်ဘာ ၂ ရက်၊ ညနေ ၆ နာရီခွဲခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ် ကွက်ရှိ အမှတ် (၃၅) အခြေခံပညာ အထက်တန်းကျောင်းအား   လည်း ကောင်း၊ ည ၇ နာရီ ၁၅ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်း မြို့နယ်၊ ဆင်မကော်ကျေးရွာ အခြေခံ ပညာအလယ်တန်းကျောင်းအား လည်း ကောင်း   အကြမ်းဖက်သမားများက လက်လုပ်ဗုံးများဖြင့် လာရောက်ပစ်ခတ် ဖောက်ခွဲခဲ့ရာ အဆိုပါပစ်ခတ်ဖောက်ခွဲ မှုကြောင့် လူနှင့်အဆောက်အဦ ထိခိုက် ပျက်စီးမှုမရှိကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ