နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုးကုတ်မြို့နယ်ကျောက်ကမ်းပါးယံ လူနေအိမ်ပေါ်ပြိုကျ

ရန်ကုန်၊  နိုဝင်ဘာ  ၃


နိုဝင်ဘာ ၂ ရက်၊   နံနက် ၇ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် ခရိုင်၊ မိုးကုတ်မြို့နယ်၊ ရွှေဂူရပ်ကွက်၊ ရွာသစ်ရပ်တွင် ကျောက်ကမ်းပါးယံ သည် လူနေအိမ်နှစ်လုံးပေါ်သို့ ပြိုကျပြီး ကျားတစ်ဦး၊ မတစ်ဦး စုစုပေါင်းနှစ်ဦး ပိတ်မိမှုဖြစ်ပွားကြောင်း သတင်းရရှိ သဖြင့် လယ်ဦးနယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာ မတစ်ဦးအား ၇ နာရီ ၃၀ မိနစ်တွင် အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက် လက်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။                          

  အောင်သူရ






အခြားဆက်စပ်သတင်းများ