နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျောင်းကုန်းမြို့တွင် ယာဉ်တိုက်မှုဖြစ်ပွား ဆိုင်ကယ်စီးသူနှစ်ဦးသေဆုံး

ကျောင်းကုန်း၊  နိုဝင်ဘာ ၃


ဧရာဝတီတိုင်းဒေသကြီး၊   ပုသိမ် ခရိုင်၊  ကျောင်းကုန်းမြို့နယ်၊  ဇရပ်ကွင်း အုပ်စု၊ စာဖြူစုကျေးရွာထိပ်တွင် နိုဝင်ဘာ ၂  ရက်၊ နံနက် ၁၁ နာရီခန့်က ယာဉ် တိုက်မှုဖြစ်ပွားရာ ဆိုင်ကယ်စီးသူ နှစ်ဦး စလုံးသေဆုံးသွားခဲ့ကြောင်း    မြို့မရဲ စခန်းမှ သိရသည်။


ဖြစ်စဉ်မှာ တရားလို ဒုရဲအုပ်လှမိုး သည်   ကျောင်းကုန်းမြို့မရဲစခန်း၌ တာဝန်မှူး တာဝန်ဆောင်ရွက်နေစဉ် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်း အရ သက်သေများနှင့်အတူသွားရောက် စစ်ဆေးရာ ဇရပ်ကွင်းအုပ်စု၊ စာဖြူစု ကျေးရွာ၊ ပုသိမ်-ရန်ကုန်ကား လမ်းမ၊ မိုင်တိုင်အမှတ် ၆၇/၂ နှင့် ၆၇/၃ ကြား တွင် ရန်ကုန်-တောင်ကုတ်ပြေးဆွဲလျက် ရှိသည့် ယာဉ်မောင်း ကျော်ကျော်လှိုင် (၃၉) နှစ် မောင်းနှင်သည့် "မျိုးဆက် သစ်" ခရီးသည်တင် မှန်လုံယာဉ်သည် ပုသိမ်ဘက်မှ ရန်ကုန်ဘက်သို့မောင်း နှင်လာစဉ်   စာဖြူစုကျေးရွာထိပ်သို့ အရောက် (၁၉) နှစ်သမီး မောင်းနှင်ပြီး၊ နောက်တွင် သူမ၏   ဖခင်ဖြစ်သူနှင့် အတူ ရွာအတွင်းလမ်းမှ ကားလမ်းမ ပေါ်သို့ ဖြတ်တက်ကာ ယာဘက်ယာဉ် ကြောသို့အရောက် နောက်မှမောင်းနှင် လာသော ခရီးသည်တင်မှန်လုံယာဉ်မှ ဘရိတ်ဖမ်းပြီး ဟွန်းတီးကာရှောင်တိမ်း သော်လည်း ဆိုင်ကယ်မှ ဝဲဘက်ယာဉ် ကြောသို့ ပြန်လည်ဝင်ရောက်လာသဖြင့် အရှိန်မထိန်းနိုင်ဘဲဝင်ရောက် တိုက်မိရာ ဆိုင်ကယ်စီးသူနှစ်ဦးစလုံး အခင်းဖြစ် နေရာတွင်ပင် သေဆုံးသွားခဲ့သဖြင့် ယာဉ်မဆင်မခြင်  မောင်းနှင်ခြင်းဖြင့် လူကိုထိခိုက်သေဆုံးစေသူ မှန်လုံယာဉ် မောင်းအား  ကျောင်းကုန်းမြို့မရဲစခန်း က ယာဉ် (ပ)၁၃/၂၀၂၁၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း မြို့မရဲစခန်း မှ သိရသည်။

ဝင်းကြိုင်(ကျောင်းကုန်း)






အခြားဆက်စပ်သတင်းများ