နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြိုင်မြို့နယ်၌ ဆီဘောက်ဆာကား အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်မှုဖြစ်ပွား

မြိုင်၊  နိုဝင်ဘာ ၇

နိုဝင်ဘာ ၄ ရက်၊ ညနေ ၃ နာရီ ၅၂ မိနစ်ခန့်က မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ကွမ်းတောကျေးရွာအနီး၊ မြိုင်-မန္တလေးလမ်းအတိုင်း မောင်းနှင် လာသော NISSAN DIESEL အမျိုးအစား ဆီဘောက်ဆာ (၂၂) ဘီးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားပြီး  ယာဉ်ခေါင်းခန်းအတွင်း ကျားနှစ်ဦးညပ်နေကြောင်း သတင်းရရှိ သဖြင့်  မြိုင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီး၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များဖြင့်     ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့ရာ  ညနေ ၅ နာရီ ၂၀ မိနစ်တွင်  ကျားနှစ်ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)အား ကယ် ထုတ်နိုင်ခဲ့ပြီး    မေတ္တာရောင်ခြည် ပရဟိတအသင်းနှင့် မေတ္တာရှင် ပရဟိတ အသင်းတို့မှ လူနာတင်ယာဉ်နှစ်စီးဖြင့် မြိုင်မြို့နယ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
အိဇင်






အခြားဆက်စပ်သတင်းများ