နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျောင်းကုန်းမြို့နယ် MYTEL တာဝါတိုင်ဖျက်ဆီးခံရ

ကျောင်းကုန်း၊  နိုဝင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊  ပုသိမ် ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဒိုးတန်း အုပ်စု၊ ဒိုးတန်းကျေးရွာရှိ ဦးစိုးလှိုင်၏ ခြံဝင်းအတွင်း    စိုက်ထူထားသော MYTEL တာဝါတိုင်ကို ‌နိုဝင်ဘာ ၅ ရက်၊ ၆ နာရီခွဲခန့်က လက်လုပ်အသံမိုင်း တစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပျက်စီး မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့ပေါက်ကွဲကြောင်း ယင်းတာဝါ တိုင်    အနီးနေထိုင်သူ   ရာအိမ်မှူး ဦးသန်းထိုက်က ကျေးရွာအုပ်ချုပ်ရေးမှူး ထံ အသိပေးသတင်းပေးပို့ခဲ့၍ ကျေး ရွာအုပ်ချုပ်ရေးမှူးက မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ထံ   ဆက်လက်သတင်း ပေးပို့ခဲ့သဖြင့်    အဖွဲ့ဝင် ဗိုလ်မှူး နေဝင်းနောင်၊  အတွင်းရေးမှူး ရဲမှူး ဝင်းရွှေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ် ဆေးခဲ့ရာ ဒီဇယ်ဖြင့်ပေါင်းစပ်ထားသည့် လက်လုပ်အသံမိုင်းဖြင့် ဖောက်ခွဲဖျက် ဆီးခဲ့ခြင်းဖြစ်ကြောင်း၊   တာဝါတိုင် System ပုံးအောက်ဘက်  အနည်းငယ် ပေါက်ထွက်ပျက်စီးခဲ့ပြီး၊ စက်လည်ပတ် မှု မရှိကြောင်း၊   ဆက်စပ်တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိရေး စုံစမ်းလျက်ရှိ ကြောင်း မြို့နယ်ထွေ/အုပ်ရုံးမှ သိရ သည်။
ဝင်းကြိုင်(ကျောင်းကုန်း)






အခြားဆက်စပ်သတင်းများ