နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့နယ်အချို့ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

ရန်ကုန် အောက်တိုဘာ ၂၇


ဟိုပင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂၅ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် မိုးညှင်းမြို့နယ် ဇီးကုန်း ကျေးရွာအနီးတွင် ထွန်းလင်းထက်(ခ) ပါကျဲ မောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၃၉၆ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၆၀၀ ကို လည်းကောင်း၊ ယင်းနေ့ ည ၈ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါးတား ဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးကောင်းမြို့ ရွာသစ်ရပ်ကွက် ဗိုလ်တေဇလမ်းနှင့် စံပယ်လမ်းဆုံ တွင် စိုးမြင့်ကျော်(ခ) ကိုငယ်နှင့် မနီလာဝင်းစိုးတို့နှစ်ဦးကို တွေ့ရှိ သဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၂၆၀၀ ကိုလည်း ကောင်း၊ ယင်းနေ့ နံနက် ၈ နာရီ ၄၅ မိနစ်တွင် မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာ ပိတ်ချင်းမြောင် စစ်ဆေးရေးစခန်း အနီးတွင် သန့်ဇင် မောင်းနှင်လာသည့် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ ဘိန်းဆီခဲ ၅ ဒသမ ၈ ကီလိုကိုလည်းကောင်း သိမ်းဆည်းရမိ ကြောင်း သိရသည်။


အောက်တိုဘာ ၂၅ ရက် နံနက် ၁၁ နာရီခွဲတွင် မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက် မြတ်လေးနွယ် ၂ လမ်း၊ အမှတ် (၁၈၄/အေ) မြေညီထပ်ရှိ မမြစိန်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာယင်းနှင့် အတူ သန်းဝင်းခိုင်၊ မအေးအေးအောင်တို့ ကိုတွေ့ရပြီး စိတ်ကြွရူးသွပ်ဆေးပြား ၃၀၂၀ ကိုလည်းကောင်း၊ ယင်းနေ့ နံနက် ၁၁ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် မိုင်းရယ်မြို့နယ် မိုင်းရယ် - လားရှိုးသွားကားလမ်း မိုင်တိုင်အမှတ် (၃၉/၅)အနီးတွင် ကျနူးမောင်းနှင် လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၀၀၀၀ ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ယင်းတို့ကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထား ကြောင်းသိရ သည်။                   ဆွေဦး






အခြားဆက်စပ်သတင်းများ