နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လက်လုပ်ဗုံးများဖြင့် ဖောက်ခွဲခဲ့သူများကို လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

ရန်ကုန် အောက်တိုဘာ ၂၇


အောက်တိုဘာ ၈ ရက်တွင် ကြံခင်း မြို့နယ်၊ ဘက်ရဲမြို့၊ (၂)ရပ်ကွက်၊ လမ်းမတော်လမ်း၌ သန့်စင် (၃၅) နှစ်ကိုလည်းကောင်း၊ အောက်တိုဘာ ၉ ရက်တွင် မြန်အောင်မြို့နယ်၊ သဲဖြူကွင်းကျေးရွာ၌ သူသူအောင်ငြိမ်း (၃၅)နှစ်အား လည်းကောင်း၊ ဇလွန်မြို့၊ လမ်းမတော်မြောက်ရပ်ကွက်၊ ပုပ္ပါး လမ်း၌ သန့်ဇော် ၄၇ နှစ်ကိုလည်း ကောင်း၊ ဇလွန်မြို့၊ လမ်းမတော် မြောက်ရပ်ကွက်၊ ပိတောက် ၅ လမ်း၌ ဇာနည်စုနိုင်(၃၂)နှစ်ကိုလည်းကောင်း၊ ဟင်္သာတမြို့နယ်၊ ရဲကွင်းကျေးရွာ၌ ဇင်မာဝင်း(ခ) ဇင်မာကိုလည်းကောင်း၊ လဟာကျော်ကျေးရွာ၌ အိအိမွန်ကို လက်လုပ် သေနတ် ၂ လက်၊ ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများနှင့် လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။    


တရားခံ သန့်စင်၏ ထွက်ဆို ချက်အရ အောက်တိုဘာ ၉ ရက်တွင် အောင်ဇော်ဦး(၃၈)နှစ်အား ကြံခင်း မြို့နယ်၊ ကလို့ကွင်းကျေးရွာ၌ ဖမ်းဆီး ရမိခဲ့ပြီး တရားခံ အောင်ဇော်ဦး၏ ထွက်ဆိုချက်အရ ကြံခင်းမြို့နယ်၊ သစ်ဆိမ့်ကုန်း ကျေးရွာအနီး၌ လက်နက်/ခဲယမ်းများ ဝှက်ထား ကြောင်း သိရှိရသဖြင့် လုံခြုံရေး ပူးပေါင်းအဖွဲ့မှ သွားရောက်ရှင်းလင်း ခဲ့ရာ MK-12 ၁၁ လက်၊ M-22  ၈ လက်၊ M-16  ၃ လက်၊   ၅ ဒသမ ၅၆ ကျည် ၃၄၈ တောင့်၊ ၇ ဒသမ ၆၂ ကျည် ၁၃၀ တောင့်၊ AK-47 ကျည် ၆၀၀ တောင့်၊ ပြောင်းချောကျည် ၁,၁၂၀ တောင့်၊ နင်းမိုင်းအသေး ၃ လုံး၊ နင်းမိုင်းအကြီး(ယမ်းမပါ)  ၁ လုံး၊ ရှေ့ထွက်မိုင်း ၂ လုံး၊ ကျည်အိမ်မျိုးစုံ  ၄၂  ခု၊ MK-12 ပြောင်း(အပို) ၂၁ ချောင်း၊  MK-12 လက်ကိုင် ၃ ခု၊ ယမ်းထုပ် ၄ ထုပ်၊ ဆက်စပ်ပစ္စည်းမျိုးစုံ ၂၇ ခုတို့အား သိမ်းဆည်းရမိခဲ့သည်။


တရားခံ အောင်ဇော်ဦး၏ ထွက်ဆိုချက်အရ အောက်တိုဘာလ ၁၀ ရက်တွင် ကြံခင်းမြို့နယ်၊ အိုးဖို ကုန်းကျေးရွာ၌ ပိုင်ဇင်ဖြိုး(ခ)ပိုင်ကြီး (၁၉)နှစ်ကိုလည်းကောင်း၊ သစ်ဆိမ့်ကုန်းကျေးရွာ၌ ဟိန်းထက် ကျော်(ခ) ဖိုးလပြည့်(၁၆)နှစ်ကို လည်းကောင်း၊ တရားခံဝင်းနိုင်၏ ထွက်ဆိုချက်အရ အင်္ဂပူမြို့နယ်၊ ရေကျော်ကျေးရွာ၌ ချစ်ကိုကို(ခ)ချစ်ကို (၃၈)နှစ်ကိုလည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။   

 

ဇာနည်စုနိုင်၏ ထွက်ဆိုချက်အရ အောက်တိုဘာလ ၁၁ ရက်တွင် ဇလွန်မြို့၊ ညောင်ပင်ဈေးရပ်ကွက် ၌ ဥမ္မာငြိမ်းချမ်းဦး(၃၈)နှစ်အား လည်းကောင်း၊ လမ်းမတော်တောင် ရပ်ကွက်၌ သီဟထွန်း(၃၁)နှစ်ကို လည်းကောင်း၊ ဇလွန်မြို့နယ်၊ နံ့ကုလားကျေးရွာ၌ ဝေဝေအောင်(၃၀)နှစ်အား လည်းကောင်း ထပ်မံဖမ်းဆီး ရမိခဲ့သည်။    


တရားခံဝင်းနိုင်၏ ထွက်ဆိုချက် အရ အောက်တိုဘာ ၁၁ ရက်တွင် အင်္ဂပူမြို့၊ (၃)ရပ်ကွက်၌ ဌေးဝင်း (၅၆)နှစ်ကိုလည်းကောင်း၊ ဇေယျကွက်သစ် ရပ်ကွက်၌ လှသိန်း (၆၇) နှစ်ကို လည်းကောင်း၊ အင်္ဂပူမြို့နယ်၊ အောင်ရွာကြီးကျေးရွာ၌ မြတ်စံ (၅၂) နှစ်နှင့် ဖိုးသာအောင် (၆၅) နှစ်တို့ကို လည်းကောင်း၊ မကျီးစု ကျေးရွာ၌ မြင့်စိုး (၅၇)နှစ်ကို လည်းကောင်း၊ မဲဇလီစုကျေးရွာ၌ ဇော်မင်း(၄၈)နှစ်၊ သောင်းလင်း (၃၃)နှစ်၊ ကောင်းမြတ်ထက် (၃၀) နှစ်နှင့် မြင့်မြင့်ဝင်း(၃၇)နှစ်တို့ကို  လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ သည်။    


ဝေဝေအောင် ၏  ထွက်ဆိုချက် အရ အောက်တိုဘာ ၁၂ ရက်တွင် ဇာနည်စုနိုင် ပေးအပ်ထားသော လက်လုပ်မိုင်း ၅ လုံးအား ဝေဝေအောင် ၏ နေအိမ်မှ သိမ်းဆည်းရမိခဲ့သည်။


တရားခံ အောင်ဇော်ဦး၏ ထွက် ဆိုချက်အရ  ဆက်စပ်တရားခံများ အင်္ဂပူမြို့နယ်၊ ဘုန်းကြီးစပ်ကျေးရွာရှိ တောင်ယာတဲတစ်လုံး၌ တည်းခိုခဲ့ ကြောင်း သိရှိရသည့်အတွက် သွား ရောက် ရှာဖွေခဲ့ရာ အောက်တိုဘာ ၁၀ ရက်တွင် နိုင်လင်းအောင်(၃၂)နှစ်နှင့်  ယွန်းအိအိအောင်(ခ)ယွန်းယွန်း (၂၁)နှစ်တို့ နှစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။   

 

အောင်ဇော်ဦး၏ ထွက်ဆိုချက်အရ အောက်တိုဘာ ၁၆ ရက်တွင် လုံခြုံရေး ပူးပေါင်းအဖွဲ့မှ ကောင်းခန့်ကျော် (၂၅)နှစ်နှင့် လင်းသိုက်အောင်(ခ) လင်းသိုက် (၂၃)နှစ်တို့ ၂ ဦးကို မြန်အောင်မြို့နယ်၊ မျှင်ဝါး တောင်ကျေးရွာအနီးတွင် ၉ မမပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၉ မမကျည် ၃ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။    


ဖြစ်စဉ်တွင် ဖမ်းဆီးရမိတရားခံ ကျား၂၁ ဦး၊ မ ၈ ဦး၊ ပေါင်း ၂၉ ဦး၊ MK-12 ၁၁ လက်၊ M-22  ၈ လက်၊ M-16  ၃ လက်၊ ပစ္စတို ၁ လက်၊ လက်လုပ်သေနတ်၂ လက်၊ ကျည်မျိုးစုံ ၂,၁၀၃ တောင့်၊ နင်းမိုင်းအသေး ၃ လုံး၊ နင်းမိုင်းအကြီး(ယမ်းမပါ) ၁ လုံး၊ ရှေ့ထွက်မိုင်း ၂ လုံး၊ လက်လုပ်မိုင်း ၁ လုံး၊ ကျည်အိမ်မျိုးစုံ ၄၃ ခု၊  MK-12 လက်ကိုင် ၃ ခု၊ MK-12 ပြောင်း(အပို) ၁၁ ချောင်း၊ ဆက်စပ်ပစ္စည်းမျိုးစုံ ၂၇ ခုတို့အား သိမ်းဆည်းရမိခဲ့ကြောင်း    သိရသည်။                                     ဆွေဦး






အခြားဆက်စပ်သတင်းများ