နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်-၁၉ ကာကွယ်ဆေး တန်းတူညီမျှဝယ်ယူရရှိရေး G-20 ကုန်သွယ်ရေးဝန်ကြီးများ အားပေး

ဘေကျင်း  အောက်တိုဘာ  ၁၄


ကိုဗစ်-၁၉ ကပ်ရောဂါ ချမှတ်ထားသည့် ကန့်သတ်ချက်အချို့ကိုဖြေလျှော့ပြီး၊ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ညီတူညီမျှ ပေးဝယ်ကာ ကုန်သွယ်ရေးကို ပွင့်လင်း      မြင်သာမှုရှိရှိလုပ်ဆောင်သွားမည်ဖြစ်ကြောင်း G20 ၏ ကုန်သွယ်ရေးဝန်ကြီးများက ကတိပေးထားသည်။ 


ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးဆေး ၆ ဘီလီယံကျော် ထုတ်လုပ်နိုင်ပြီဆိုသော် လည်း ဆင်းရဲသည့် နိုင်ငံများက လူဦးရေ ၁ ဒသမ ၄ ရာခိုင်နှုန်းသာ ကာကွယ်ဆေး ထိုးရသေးကြောင်း၊ ချမ်းသာသည့် နိုင်ငံများတွင်မူ လူဦးရေ ၅၈ ရာခိုင်နှုန်း ကာကွယ် ဆေးထိုးပြီးပြီဖြစ်ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအကြီးအကဲ ငိုဇီအီဝီလားက ပြော သည်။


လာမည့် နိုဝင်ဘာ ၃၀ မှ ဒီဇင်ဘာ ၃ ရက်နေ့အထိ ဂျနီဗာတွင် ကျင်းပမည့် ကမ္ဘာ့ ကုန်သွယ်ရေးဝန်ကြီးများ အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကို ထိရောက်စွာတုံ့ပြန်မှုနှင့် ကာကွယ်ဆေးညီမျှစွာပေးဝယ်ရေးတို့ အပေါ် သဘောတူမှုရရှိရန် တိုက်တွန်းထားကြောင်း သိရသည်။

မျိုးဝင်း (ref:AFP)






အခြားဆက်စပ်သတင်းများ