နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်-ဥရောပ ပို့ကုန်ရထား ၄၉၀၀ ခန့်ကို ရှင်ကျန်းနယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုပေးနေ

ဘေကျင်း  အောက်တိုဘာ  ၁၄


တရုတ်နိုင်ငံ၊    အနောက်မြောက် ဘက်ရှိ ရှင်ကျန်းဝီဂါ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသတွင် တည်ရှိသည့် ဟိုကိုစ် ဆိပ်ကမ်းမှ တရုတ်-ဥရောပ ကုန်စည် ပို့ဆောင်ရေး ရထားပေါင်း ၄၉၀၀ ထိ ကုန်သွယ်ပို့ဆောင်ပေးနေကြောင်း မီးရထားအာဏာပိုင်များက ပြောကြား သည်။ 


ဟိုကိုစ်ဆိပ်ကမ်းသည်       အာရှ အလယ်ပိုင်းနှင့် ဥရောပကို ကုန်းလမ်းမှ တစ်ဆင့်ဆက်သွယ်ရာတွင် အနီးဆုံး ဆိပ်ကမ်းဖြစ်ပြီး၊      ၂၀၁၆ ခုနှစ်တွင် တရုတ်-ဥရောပ ရထားဝန်ဆောင်မှုကို စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ဖွင့်လှစ် ချိန်ကစပြီး ရထားများအသုံးပြုမှု ပိုမို များလာတာ ပုံမှန်မြင်တွေ့ရကာ လက်ရှိ အချိန်ထိ နိုင်ငံပေါင်း ၁၈ နိုင်ငံနှင့် မြို့ ပေါင်း ၄၅ မြို့ကို ကျော်ဖြတ်မောင်းနှင် နေတဲ့ ကုန်သွယ်ရေးရထားပေါင်း ၄၄ စီး ရှိနေကြောင်း သိရသည်။


ယခုနှစ်တွင်     ဟိုကိုစ်ဆိပ်ကမ်းမှ ကုန်သွယ်ရေးပမာဏသည်   တန်ချိန် ပေါင်း ၆ ဒသမ ၈ သန်းရှိပြီဖြစ်ကာ ယခင်နှစ်ထက် ၄၈ ဒသမ ၅ ရာခိုင်နူန်း တိုးတက်လာခြင်းဖြစ်သည်။ စာရင်းတွင် နိုင်ငံခြားပို့ကုန်တန်ချိန်ပေါင်း ၃ ဒသမ ၉ သန်းလည်းပါဝင်ပြီး၊ ယခင်နှစ်ထက် ၃၂ ဒသမ ၇ ရာခိုင်နှုန်းတိုးလာကြောင်း ဟိုကိုစ်၏ မီးရထားဌာနဆိုင်ရာအချက် အလက်အရ သိရသည်။

ရဲခေါင် (ref:Reuters)






အခြားဆက်စပ်သတင်းများ