နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကာကွယ်ဆေးအပြည့်အဝထိုးပြီးသူများ ကွာရန်တင်းဝင်စရာမလို လည်ပတ်နိုင်ကြောင်း စင်ကာပူကြေညာ

စင်ကာပူ  အောက်တိုဘာ  ၁၂


ဗြိတိန်၊  ပြင်သစ်၊  စပိန်၊ အမေရိကန်နိုင်ငံတို့ အပါအဝင် နိုင်ငံ ၈ နိုင်ငံမှကာကွယ်ဆေး အပြည့်အဝထိုးပြီးသား ခရီးသွားများ  ကွာရန်တင်းဝင်စရာမလိုဘဲ   စင်ကာပူသို့      ဝင်ရောက်လည်ပတ်သွားလာခွင့်ပေးလိုက်ပြီဖြစ်သည်။


ယခုခွင့်ပြုမှုမှာ နိုင်ငံတကာလေကြောင်းအချက်အချာဖြစ်သည့် စင်ကာပူ၏ ယခင်အခြေအနေအတိုင်း ပြည်လည်ဖော်ဆောင်ရန်အတွက် ကြိုးစားမှုဖြစ်ကာ မကြာခင်က တောင်ကိုရီးယားနှင့် ခရီးသွားချိတ်ဆက်မှုအစီအစဉ် သဘောတူခဲ့သည့် စင်ကာပူမှာ ယခုလိုထပ်မံတိုးချဲ့ခဲ့ခြင်းဖြစ်ပြီး အဆိုပါနိုင်ငံများမှ ခရီးသွားများ အနေဖြင့် ကိုဗစ်-၁၉ စစ်ဆေးမှုအောင်မြင်ပါက စင်ကာပူသို့ ဝင်ရောက်ခွင့်ပြုမည် ဖြစ်ကြောင်း စင်ကာပူအစိုးရအဖွဲ့က ပြောသည်။


လူဦးရေ ၅ ဒသမ ၄၅ သန်းရှိသည့် စင်ကာပူနိုင်ငံသည် ကမ္ဘာတွင် ခရီးသွားလာမှု အများဆုံးနှင့်  စီးပွားရေးအချက်အချာကျသည့်နိုင်ငံဖြစ်ပြီး ပြီးခဲ့သည့် ရက်ပိုင်း အတွင်း ကိုဗစ်ရောဂါကူးစက်သူ နေ့စဉ် ၃၀၀၀ ကျော်ရှိကာ လူဦးရေ၏ ၈၃ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကာ ကမ္ဘာပေါ်တွင် ကာကွယ်ဆေးထိုးနှံနှုန်း အများဆုံးနိုင်ငံထဲမှ တစ်နိုင်ငံအပါအဝင်ဖြစ်ကြောင်း သိရသည်။

မျိုးဝင်း(Ref:Reuters)






အခြားဆက်စပ်သတင်းများ